Say You Won't Let Go-32

1.9K 71 2
                                    

[Unicode]Chaeyoung ဒီနေ့ Busan ကို Taeyeon ရယ် Jeongyeon ရယ်နဲ့အတူတောင်တက်ဖို့ရန်အတွက်မနက်အစောကတည်းက သားအဖသုံးယောက် ထွက်လာခဲ့ကြသည်
JY - Appa ကျနော်တို့အပြန်ကျ ဒယ်ဂူမှာငါးဖမ်းလို့ရတယ် ဒီရာသီဆို အဲ့ဘက်ငါးလာဖမ်းတဲ့သူတွေနဲ့ ညအိပ်နေပြီးဖမ်းကြတာ
TY - Chaeyoung ဘယ်လိုသဘောရလဲ
CY - သွားမယ်လေ Appa

Chaeyoung တို့ Busan ရောက်တော့ မနက်7နာရီရှိပြီ တောင်တက်ဖို့ပြင်ကာ တက်လာကြသည် သူလိုကိုယ်လိုတောင်တက်သူတွေနဲ့ပျော်စရာကောင်းနေသည် သုံးယောက်သားဓာတ်ပုံတူတူရိုက်ကြနှင့် နေ့လည်စာပါတောင်ပေါ်မှာအသင့်ပါလာတာများ စားပြီးမှပြန်ဆင်းကြသည် အတက်မှာကြာပေမဲ့ အဆင်းကျပိုမြန်လာခဲ့သည်

TY - Appaတို့ ဒီမှာ လှူနေကျမိဘမဲ့ဂေဟာရှိတယ် အဲ့မှာပဲညအိပ်ရအောင် ဟိုတယ်တွေသွားမနေနဲ့တော့ ဒီတောင်ခြေနဲ့နီးနီးနားနား မနက် ဒယ်ဂူကိုသွားရင်လည်း ဒီဘက်ကပိုနီးတယ်
JY - အဲ့လိုလုပ်ကြတာပေါ့

Jeongyeon တို့မိဘမဲ့ကျောင်းရောက်တော့ ပစ္စည်းများချကာ နေဖို့ပြင်နေတုန်း Chaeyoung ကအပြင်ဘက်လှည့်ပတ်ကြည့်နေသည်

Chaeyoung ကျောင်းရဲ့ဝင်ဝင်ချင်းက သစ်ပင်ကြီးနားရောက်တော့ ခေါင်းတွေထိုးကိုက်လာ၍ ထိုသစ်ပင်ကိုမှီကာထိုင်ချလိုက်ပြီး
Chaeyoung သူ့ရဲ့ထိုးကိုက်နေသောခေါင်းကိုလက်ဖြင့်ဖိကာ

CY - အာာာားးးးး ဘာလို့ဒီလောက်ထိုးကိုက်နေရတာလဲ ဆိုပြီးမျက်ရည်များကျလာသည် အမြင်အာရုံတွေထဲမှာ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက် ရယ်ရယ်မောမောစကားပြောနေတာကို ကောင်လေးတယောက်က သစ်ပင်နောက်ကွယ်ကနေကြည့်ကာ ငို​နေတာကိုဝိုးတဝါးမြင်နေရပြီးမျက်နှာတွေကမသဲကွဲ ကောင်မလေးမျက်နှာဒီဘက်လှည့်လာချိန် ရင်ဘက်ထဲကအောင့်တက်လာမှုနဲ့အတူ ဝမ်းဗိုက်ဘေးကနာကျင်မှုတို့ကလည်း တစ်ချိန်တည်းဖြစ်ပေါ်လာတော့ Chaeyoung မခံစားနိုင်အော်ငိုမိတော့သည်

TY - သား Jeong. သားငယ်အော်သံကြားတယ် ဘာဖြစ်တာလဲ
JY - ကျနော်လည်းမသိဘူး Appa ခုသွားကြည့်မလို့
TY - Appa ရောလိုက်ခဲ့မယ်

Jeongyeon တို့တနေရာအရောက်တွေ့လိုက်ရတာက သစ်ပင်တစ်ပင်အောက်မှာမေ့မြောနေသော Chaeyoung
Jeongyeon တို့အပြေးသွားကာ
JY - Appa ဆေးရုံကားခေါ်မှဖြစ်မယ် သတိမေ့နေတယ်
TY - arrasaw

Say You Won't Let GoWhere stories live. Discover now