Say You Won't Let Go-13

1.5K 86 4
                                    

[Unicode]
Chaeyoung. Mina နဲ့စကားမပြောဘဲနေတာတပတ်ရှိသွားပြီ အရင်ကတည်းကအေးစက်နေတဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပို၍ပင်အေးစက်သွားခဲ့သည်

Mina'side
Mina ခုတလော နေ၍သိပ်မကောင်း ဘာစားချင်စိတ်မှမရှိဖြစ်နေရာ အလုပ်ကအပြန်ဆေးခန်းပြဖို့ရန် ပြင်ထားလိုက်သည်
ညနေဆေးခန်းရောက်တဲ့အခါမှာတော့
ဆရာဝန်ကစမ်းသပ်ပြီး
"ဂုဏ်ယူပါတယ် ကိုယ်ဝန်နှစ်ပတ်ရှိနေပြီ သောက်ရမယ့်အားဆေးတွေပေးလိုက်မယ်နော် အမျိုးသားရောမပါဘူးလား"
MN - သူအလုပ်မအားလို့ပါ
"သိရင်တော့ ဝမ်းသာနေတော့မှာပဲ ဒီဆေးလေးတွေ တွဲသောက်ပေးပါ လကုန်ပြန်လာခဲ့ပါ"

Mina ဆေးခန်းကထွက်လာတော့ အပေါက်ကထိုင်ခုံမှာထိုင်ချလိုက်သည် သူခုချိန်မှာ ဘာကိုမှမစဥ်းစားချင်
MN'pov - wae wae wae ဘာလို့ငါ့မှလဲ ကလေး omma တို့ဆီမလာသင့်ခဲ့ဘူး မင်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပေးနိုင်စွမ်းရှိမှာမဟုတ်ဘူး ဘာလိုလုပ်ရမလဲ တောင်းပန်ပါတယ်ကလေးရယ် ဟုဆိုကာငိုနေမိသည်

BB - Mi ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ ဘာဖြစ်လို့လဲ
Bam Bam. Mina ပြောပြသည်များ နားထောင်ပြီး
BB - Mi သူနဲ့ပြောသင့်တယ် ဘယ်လိုဖြစ်ဖြစ် သူနဲ့သက်ဆိုင်နေတယ်လေ Oppa ပြောတာနားလည်တယ်မလား
MN - သူလက်ခံမှာမဟုတ်လောက်ဘူး
BB - ပြောကြည့်ပါ သူကိုယ့်သွေးသားကိုတော့ မပစ်ရက်ပါဘူး

Mina ဒီနေ့တော့ အိမ်ကိုအစောပြန်လာခဲ့သည်
A - မမလေး ဒီနေ့အစောကြီးပဲ
MN - nae Arjima. Chaw အပေါ်တက်နားအုံးမယ်
A - nae

Chaeyoung ပြန်ရောက်လာတော့ အိမ်ကားပါကင်မှာ Mina ကားထိုးထားတာကိုတွေ့တော့
CY - ဒီနေ့တော့ စောစောပြန်လာသား

Chaeyoung အိမ်ထဲဝင်လာတော့
A - အော် အကိုလေးပြန်ရောက်ပြီလား မမလေးလည်း ခုနကမှပြန်ရောက်တာ နေမကောင်းဘူးလား မသိဘူး မျက်နှာမကောင်းဘူး

Chaeyoung. Mina မျက်နှာမကောင်းဘူးဆိုတော့ Arjima ပြောတာတွေဆက်နားမထောင်နိုင်တော့ပဲ အပေါ်ကိုပြေးတက်သွားလေသည် အခန်းရှေ့ရောက်မှ ကိုယ်ရှိန်သပ်ကာ အခန်းထဲဝင်ခဲ့သည်
ကုတင်ပေါ်မှာ ဘေးတစောင်းလှဲအိပ်နေသော Mina. Chaeyoung သူ့ကိုမသိမသာ အကဲခတ်နေပေမဲ့ သူကအိပ်ပျော်နေသည်ထင်သည် ဒါနဲ့ Chaeyoung လည်းရေချိုးဖို့ရန် ရေချိုးခန်းထဲဝင်သွားလေသည်

Say You Won't Let GoWhere stories live. Discover now