Say You Won't Let Go-35

1.9K 76 11
                                    

[Unicode]
Chaeyoung. Mina နဲ့စကားပြောအပြီး သူအတိတ်ကိုမှတ်မိဖို့ရန်မကြိုးစားတော့ အတိတ်မှာသူတို့ဘာတွေပဲဖြစ်ခဲ့ပါစေ ခုလက်ရှိမှာ တယောက်ကိုတယောက်ချစ်ပြီး နားလည်နေဖို့ကပိုအရေးကြီးတယ်လို့တွေးလိုက်တယ်
Minyoung လေးကခုဆို Appa နဲ့ Omma ကိုခေါ်လာနိုင်ပြီ စကားလည်းတစ်လုံးစနှစ်လုံးစပြောလာခဲ့ပြီ

MN'pov - ခုရက်ပိုင်း Chaeyoung ညနေခင်းတိုင်း တစ်ပတ်မှာငါးရက်လောက်အပြင်သွားတယ် ဘယ်သွားမှန်းမသိဘူး အဲ့အပြင်သွားတဲ့နေ့ဆို ပင်ပန်းလို့ဆိုပြီး ကိုယ့်ထက်စောစောအိပ်ရာဝင်သွားသေးတယ် 

MN - ဒီနေ့တော့လိုက်ချောင်းရမယ် ခြေလှမ်းတွေပျက်နေတာ တစ်လလောက်ရှိပြီ
Mina ကုမ္ပဏီကနေစောစောထွက်လာကာ အိမ်နားမှာ စောင့်နေမိသည်
ခဏနေတော့ Chaeyoung တယောက် Minyoung ကိုချီကာထွက်လာပြီး Taxiနှင့်ထွက်သွားလေသည် Mina လည်း မလှမ်းမကမ်းကနေလိုက်လာလိုက်သည်

Chaeyoung တိုက်ခန်းတခုမှာ ကားရပ်လိုက်တော့ Mina လည်းလမ်းထောင့်မှာကားရပ်ပြီး ကြည့်လိုက်လေသည်
Chaeyoung ကားပေါ်ကဆင်းပြီး Minyoung နဲ့အတူတိုက်ခန်းထဲဝင်မလို့လုပ်စဥ် နောက်ကနေအမျိုးသမီးတစ်ဦးက ခေါ်လိုက်၍လှည့်ကြည့်လိုက်တော့

CY - အော် အမအခုမှပြန်လာတာလား
"အင်း နင့်ပစ္စည်းတွေအများကြီးနဲ့ Minyoung လေးငါ့ပေးလိုက် ချီပေးမယ်"
CY - အဲ့လိုလုပ်လိုက်မယ်နော်

အဝေးကနေကြည့်နေသော Mina မှာတော့ ဒေါသတွေထွက်ကာ
MN - ဘာလို့ ကလေးကိုအဲ့မိန်းမကချီသွားတာလဲ ပြီးဘာလို့ရယ်ရယ်မောမောစကားပြောနေကြတာလဲ
Mina ကားပေါ်ကမဆင်းသေးဘဲ ဆယ့်ငါးမိနစ်လောက်နေမှ Chaeyoung ကို ဖုန်းခေါ်လိုက်လေသည်
ဖုန်းဝင်သွားတော့

CY - အွန်း အချစ်
MN - ကိုယ်ခုဘယ်မှာလဲ
CY - သားနဲ့ကာတွန်းကားကြည့်နေတယ်
Mina ကြားရပါတယ် ကာတွန်းကားကြည့်နေသံတွေ
MN - အွန်းအွန်း အစည်းအဝေးလုပ်လိုက်အုံးမယ်နော် ပြန်လာမှတွေ့မယ် ဆိုပြီးဖုန်းကိုချလိုက်ကာ ကားပေါ်ကဆင်းပြီး ထိုတိုက်ခန်းရှေ့သွားကာ အပေါ်မော့ကြည့်လိုက်ပြီး

MN - Son Chaeyoung ရှင့်ကိုလက်ပူးလက်ကြပ်ဖမ်းပြမယ် ခြေလှမ်းတွေပျက်နေတာ ဆိုပြီး အောက်ကလုံခြုံရေးကိုမေးကာ အပေါ်သို့တက်သွားလေသည်

Say You Won't Let GoWhere stories live. Discover now