Say You Won't Let Go-29

2.1K 83 6
                                    

[Unicode]တစ်လဆိုတဲ့ အချိန်အတော်အတွင်းမှာ Chaeyoung. Minaတို့သားအမိနဲ့ တော်တော်လေး အဆင်ပြေစွာနေနိုင်ခဲ့သည်

Tiffany ကဖုန်းဆက်ပြီး ပြန်လာဖို့ လှမ်းခေါ်တော့ ကလေးကငယ်သေးကြောင်းပြောကာ ကြီးမှလာခဲ့မည်ဟုပြောလေသည်

ခုဆို Mina အလုပ်သွားတဲ့အချိန်တွေဆို ကလေးနဲ့ Chaeyoung အိမ်မှာကျန်ခဲ့သည်
အဲ့အချိန်တွေမှာ Chaeyoung က ကလေးကိုကောင်းမွန်စွာထိန်းနိုင်လာသည်

Minyoung ကလည်း သူ့အဖေကို အရမ်းကပ်သည်
သားအဖနှစ်ယောက် မဟုတ်တာလုပ်ရင်လည်း တူတူပဲ

Mina ကုမ္ပဏီသွားနေတုန်း
Chaeyoung TV ကြည့်နေရင်းကနေ
CY - Min Young ငါတို့အဲ့ကိုသွားကြမလား ငါစာရင်းသွင်းလိုက်မယ် အဝတ်အစားလဲပြီးသွားကြစို့ နေ့လည်အတန်းချိန်ရလောက်တယ်
သူ့ကိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေသော Minyoung ကိုပြောလိုက်တော့ ဟိုကခေါင်းငြိမ့်ပြလေသည်

ဒါနဲ့ Chaeyoung တယောက် ကလေးအကျီအပိုတွေ ရေဘူးသေးသေးလေးရယ် Minyoung ကိုသိုင်းမည့်ကျောပိုးရယ်ဖြင့် နှစ်ယောက်သား Taxi ငှားကာထွက်လာခဲ့လိုက့သည်

ဟိုရောက်တော့
CY - ဆရာမ ကျနော်က Son Chaeyoung ပါနေ့ခင်းကစာရင်းပေးထားတဲ့တယောက်
T - ဟုတ်ကဲ့ ကြွပါ ဒီဖောင်လေးအရင်ဖြည့်ပေးပါနော်
CY - nae

Chaeyoung ဖောင်ဖြည့်ပြီး Minyoung ကိုချီပြီးအထဲဝင်သွားတော့
CY - ဟင် မိန်းမတွေချည်းပဲ😳
T - Minyoung Appa လာလေ
CY - nae nae

Chaeyoung ဝင်လာတော့ ကလေးအမေများက သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ အားလုံးနီးပါးက မိန်းမများ ယောကျ်ားလေးဆိုလို့သူတယောက်ထဲ သင်တန်းဆရာအချို့ရယ်ပေါ့

Chaeyoung ခုလာတဲ့နေရာကတော့ ကလေးတွေအတွက် နှိပ်ပေးတဲ့နေရာပါ ရှေ့ကဆရာကနည်းပြပြီး သတ်မှတ်ထားသောနေရာမှာနေပြီး ဆရာတယောက်ချင်းစီကလိုက်ပြပေးကာ နှိပ်ပေးရသည် ဒီလိုနှိပ်ပေးရင် ကလေးတွေအတွက်အထူးကောင်းမွန်ပြီး ခြေထောက်အားပိုကောင်းလာစေပါသည်

Chaeyoung ယူလာသောပစ္စည်းများခင်းကာ Minyoung ကပက်လက်လှန်စေပြီး ဆရာပြပုံအတိုင်း နှိပ်ပေးသည်
အစတော့ ကလေးကအော်ပေမဲ့ နောက်ဇိမ်ခံကောင်း၍ငြိမ်နေသည် ဆရာကဘေးကနေပြပေး၍ အဆင်ပြေလှသည်

Say You Won't Let GoWhere stories live. Discover now