Say You Won't Let Go-37

1.8K 74 4
                                    

[Unicode]
Chaeyoung ဒီနေ့အိမ်မှာ Minyoung နဲ့နှစ်ယောက်သား ခုဆို Minyoung လည်း 3 နှစ်ပြည့်ခဲ့ပြီဖြစ်ရာ စကားလည်းတော်တော်တက်နေပြီ မပီကလာပီကလာဖြင့်ပြောနေသည်ကိုကြည့်ကာ Sica'omma က သူ့အဖေ Chaeyoung ငယ်ငယ်ကပုံနှင့်တပုံစံတည်းတဲ့

CY - Youngnie ဒီနေ့ Appa တို့ကုန်တိုက်သွားရအောင် Appa ပန်းချီဆွဲဖို့စုတ်တံတစ်ချို့ဝယ်စရာရှိတယ် သားရဲ့Leo အရုပ်ဆက်တဲ့ဟာ အသစ်ထွက်တယ်တဲ့
MY - nae Appa
CY - အဝတ်စားလဲပြီးသွားကြစို့

Chaeyoung တမနက်ခင်းလုံးကုန်တိုက်မှာ သူလိုချင်သော ပစ္စည်းများပတ်ဝယ်နေသည် Mina ကြိုက်တတ်သောပစ္စည်းများကိုလည်း ဝယ်ဖို့မမေ့

Chaeyoung အိမ်သို့ပြန်လာကာ ရှင်းစရာရှိသည်များရှင်းနေသည် Minyoung ကတော့ Happy နဲ့ဆော့နေသည်
အကုန်ပြီးစီးသွားပြီဆိုမှ သားအဖနှစ်ယောက်ရေချိုးကာ သူ့အမေကိုသွားကြိုရန်ပြင်လေသည်
CY - omm အချစ်လာပြီလား ကိုယ်တို့ပန်းခြံထဲကစောင့်နေမယ်နော်
အွန်း ကားကိုဖြေးဖြေးမောင်းနော် Saranghe

Mina ပန်းခြံထဲဝင်လာတော့ သူ့ကိုမမြင်ပဲ ဆော့နေသော ချစ်ဖို့အကောင်းဆုံးအမျိုးသားနှစ်ဦး လက်ထဲမှာလည်းရေခဲမုန့်တစ်ခုစီနဲ့ သူတို့နားမသိမသာကပ်သွားတော့
CY - Minyoungna Omma လာရင် Appa တို့ဒီထဲ စက်ဘီးပတ်စီးရအောင် သူကြိုက်ပါ့မလား.🤔
MN - ခုစီးရအောင်..
CY - ရောက်ပြီလား အချစ်
MN - အွန်း ကိုယ်ကရှေ့ကနေ အချစ်နဲ့သားကိုတင်နင်းမယ်မလား
CY - ဒါပေါ့😊

Mina နောက်ကနေ Chaeyoung ခါးကိုလက်တစ်ဖက်ကဖက်ကာ ကျန်တစ်ဖက်က Minyoung ကိုပွေ့ချီထားရင်း ထိုင်လိုက်လာသည် ပန်းခြံထဲမှာစက်ဘီးပတ်စီးရင်းပျော်နေသော မိသားစုလေးကိုကြည့်ကာ ဘေးပတ်ဝန်းကျင်ကိုပါ အပျော်တွေကူးစက်ကုန်သည်

ပန်းခြံကအပြန် ဟန်မြစ်ဘေးရဲ့ တစ်နေရာမှာ ကားရက်လိုက်ပြီး ဆိုင်အတွင်းဝင်ကာ Mina နဲ့ Minyoung ကိုအ​ပြင်ဘက်သီးသန့်ဝိုင်းမှာစောင့်ခိုင်းကာ Chaeyoung ကကော်ဖီနှစ်ခွက်ရယ် နွားနို့တစ်ခွက်ရယ်မှာလိုက်လေသည် ပြီးပြန်လာတော့ လက်ထဲမှာ အပေါ်ခြုံစောင်ပါးလေးတစ်ထည်ပါလာသည်

Mina ပေါင်ပေါ်ကိုလွှားခြုံပေးလိုက်ကာ
CY - ညဘက်လေစိမ်းတွေတိုက်လို့ အေးပြီးအချစ်ရဲ့အသားလေးတွေနာကုန်မယ် ဒါကိုခြုံထား
MN - ကိုယ်ကရော
CY - ကိုယ်က Long coat ပါတယ်လေ လက်ကိုဒီထဲထည့်ထား ကိုယ့်အိတ်ကပ်ထဲဆိုပြီး Mina လက်ကိုယူကာ သူ့လက်အိတ်ကပ်ထဲထည့်ပေးလေသည်
ဒါကို Minyoung ကမြင်တော့
MY - Appa. Youngie ကရော ဘယ်ထဲထည့်ရမှာလဲ
CY - Youngnie က အမ်...ဟောဒီက Appa ရင်ခွင်ထဲကိုလာပါဗျာ😄 ဆိုပြီး Minyoung လေးကိုပွေ့ချီပြီး ဖက်ထားပေးလိုက်သည် Minaကတော့ အကဲပိုနေသော သားအဖနှစ်ယောက်ကို ဘေးကနေကြည့်ကာရယ်မိသည်
MN - Omma လည်းချမ်းတယ်လေ
CY - ကိုယ့်ရင်ခွင်ထဲလာလေ အချစ်နဲ့သားအတွက်နွေးပြီးသား..
ထိုညက ကြယ်ကြွေတာကို သုံးယောက်အတူတူကြည့်ရင်း ဆုတောင်းမိကြသည်

Say You Won't Let GoTempat cerita menjadi hidup. Temukan sekarang