Say You Won't Let Go-20

1.8K 79 6
                                    

[Unicode]
နောက်နေ့ Mina အိပ်ရာကနိုးတဲ့အခါမှာတော့ ဘေးကိုကြည့်လိုက်တော့အလွတ်ဖြစ်နေသည်
ရေချိုးခန်းထဲဝင်ကာ.မျက်နှာသစ်လိုက်ပြီး အောက်ဆင်းလာခဲ့သည်

မီးဖိုခန်းထဲမှာ Arjima ကမနက်စာပြင်ပေးထားသည် Mina မနက်စာစားနေရင်း အဲ့နေ့က ကြိုးချပေးနေရင်းသူပြောတဲ့စကားကို အောက်ကအော်သံတွေကြောင့်သေချာမကြားလိုက်ရ သူဘာပြောချင်လဲမသိခဲ့ရ

စားပြီးတော့ အလုပ်ကနေလည်းတပတ်လောက်နားထား၍ ခြံထဲသာဆင်းလာခဲ့လိုက်သည်
ခြံထဲက ပန်းခြံခုံလေးထဲမှာထိုင်နေမိသည် ခြေထောက်နားအရာတစ်ခုတိုးလာ၍ ကြည့်လိုက်မှ ခွေးလေး
MN - Happy. နင်ဒီဘက်မလာတာကြာပြီ ကြည့်အုံးထွားလာလိုက်တာ နင်အပေါက်ကဆန့်သေးလို့လား ဘယ်နားကလာတာလဲ ဟုဆိုတော့

Happy ကသိသည့်အလား ရှေ့ကထွက်သွားတော့ နောက်ကနေလိုက်ကြည့်တော့ အရင်က သူလုပ်ပေးထားတဲ့နေရာလေးကပါပဲ
MN - အပေါက်ကကျဥ်းတယ်မလား
Mina သိချင်စိတ်ကြောင့် သေချာကြည့်မိမှ အပေါက်ကိုတယောက်ယောက်က သေချာလေးချဲ့ပေးထားပြီး မညှိအောင်လည်း အနားများကွပ်ထားပေးသေးသည်

Mina ထိုနေရာမှထွက်ကာ သူ့အလုပ်ခန်းထဲသွားပြီး ခြံတောင်ဘက်ကိုတပ်ထားသော.CCTV ကိုကြည့်လေသည်
ဟုတ်ပါတယ် ဒါကိုသူဒီခွေးလေး စတွေ့ကတည်းက သူတစ်ခုခုဖြစ်မှာစိုး၍ သိရအောင်တပ်ထားခြင်း ဒီကြားထဲလည်း ဖွင့်မကြည့်ဖြစ်ခဲ့ပေ

စလာတာ တရက်ပြီးတရက် မပြောင်းလဲတဲ့ပုံစံ ခွေးလေးသူ့ဆီလာတယ် ပြန်သွားတယ်
သူလည်း ကျော်လိုက်တော့ တနေရာရောက်မှပြန်ရပ်ကာ ကြည့်လိုက်တော့
Son Chaeyoung ဒီဘက်ကိုဘာလာလုပ်တာလဲ ခွေးလေးကသူ့မြင်တော့နောက်ဆုတ်သွားသည် လက်ထဲမှာလည်း အထုပ်တွေနဲ့
နောက်ပိုင်း ခွေးလေးကသူကျွေးသော မုန့်များစားနေသည် ပြီးသူပြန်သွားတယ် နောက်တနေ့ကျလည်း ထိုနည်းလည်းကောင်း တခါတလေ ဘောလုံးသေးသေးလေးတွေယူလာသေးသည် ခွေးလေးနဲ့တူတူဆော့ မုန့်ကျွေးပြီးမှပြန်သွားတတ်သည် ဒါ့ကြောင့် သူမုန့်သွားကျွေးတဲ့အခါ မစားနိုင်တော့တာဖြစ်မယ်

ဘာဖြစ်လို့ သူ့ရှေ့ကျ ခွေးကိုမခေါ်ဖို့ပြောပြီး ခုမှဘာလို့...

Say You Won't Let GoWhere stories live. Discover now