Say You Won't Let Go-38

2K 83 4
                                    

[Unicode]
Mina အခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတာက ဆိုဖာပေါ်မှာခေါင်းငုံ့ထားသော Chaeyoung .
သူ့ဆီအနီးကပ်သွားကြည့်လိုက်တော့ ရှေ့စားပွဲပေါ်မှာ သူ့ရဲ Note စာအုပ် ဘေးမှာလည်းပိတ်စဖြူတွေ နောက်ထပ်...

Chaeyoung သူ့လက်ထဲက စာရွက်ကိုစားပွဲပေါ်တင်လိုက်ကာ
CY - ဒါဘယ်သူ့ရဲ့အလုပ်ခန်းလဲ..ပြီးတော့ ဒါကဘာတွေလဲ Myoui Mina

MN'pov - သူ့ဆီက Myoui Mina ဆိုပြီးခေါ်သံကြားလိုက်ရတာ နွေခေါင်ခေါင်ကြီး ​ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်..
သူအဲ့လိုမခေါ်ခဲ့ဖူး အင်းတချိန်ကတော့ အဲ့နာမည်ကိုပဲခေါ်ခဲ့တာ..
စိမ်းကားစွာခေါ်တဲ့အမည်နာမမို့ သူမကိုကြောက်ရွံ့စေသည်..
ဘယ်လိုလုပ်ရမလဲ ကိုယ်အချစ်ကိုမုန်းသွားပြီလား
အတိတ်မှာကိုယ့်ကိုအမြဲနာကျင်စေခဲ့တာ အချစ်ဆိုတာကို..
ကိုယ့်ကို အချစ်မသိစေချင်လို့ ဖုံးကွယ်ထားခဲ့တာ..
ကိုယ်ဒါတွေကိုတနေ့သိသွားလို့ အချစ်ကိုထားခဲ့မှာကြောက်လို့ပါ..
အတိတ်ကအချစ်တို့ကြားမှာ ကောင်းမွန်တဲ့အမှတ်တရတွေမရှိခဲ့ဖူးဘူး.. ဒါ့ကြောင့်..😰

MN - ကိုယ် Mi ရှင်းပြမယ်
CY - ဘာကိုရှင်းပြမှာလဲ အားလုံးကို ထပ်ရှင်းပြဖို့မလိုလောက်တော့အောင်..နားလည်ပြီ.
Mina. Chaeyoung ပြောတဲ့စကားတို့ကြောင့် လူမှာအာစေးမိနေသောလူတယောက်လိုဖြစ်ကာ စကားတို့ကမထွက်လာခဲ့
Chaeyoung ထိုင်နေရာကနေ Mina ဆီထလာကာ Mina ရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး ငုံ့ထားသော မျက်နှာလေးကိုမော့စေကာ Mina ကိုဖက်လိုက်ပြီး

CY - ကိုယ့်ကိုချစ်ခဲ့လား..
Mina အသံတွေပင်တုန်လာကာ စိတ်ထဲမှလည်း အရင်ကတော့ မချစ်ခဲ့ဘူး ဒါပေမဲ့ အခုကိုယ့်ကိုအရမ်းချစ်နေပြီ...လေ
MN - ကိုယ့်ကိုအခုချစ်နေပြီလေ.Mina အသံလေးတို့မှာ ရှိုက်သံလေးတွေပါလာခဲ့ပြီ သူ့ရှေ့မှာမျက်နှာတည်ကြီးနဲ့နေနေသော ကိုယ့်ကြောင့်သူမ မနေတက်တော့ပါ အရင်ကကိုယ့်ကို မသိသလိုဆက်ဆံခဲ့တုန်းက ဒီလိုမျိုးလား ကိုယ့်မှာအချစ်ရဲ့မျက်နှာအရိပ်အကဲကြည့်နေတုန်းကရော ဒီလိုပဲခံစားခဲ့ရတာလား..တွေးပြီး မငိုမိအောင်အောက်နှုတ်ခမ်းကိုကိုက်ကာ ထိန်းထားပေမဲ့ အသားများတဆက်ဆက်တုန်လာပြီ

Say You Won't Let GoWhere stories live. Discover now