အပိုင်း(6)

319 32 0
                                    


"Papa သားတစ်ခုလောက်တောင်းဆိုလို့ရမလား"

ဆေးပညာစာတမ်းဖတ်ပွဲပြီးလို့ပြန်လာတဲ့သားဖြစ်သူစကားကြောင့်ဘာများပြောဦးမလဲဆိုတာနားထောင်နေမိသည်။
"ပြော ဘာများလဲ သားရဲ့"
"သားကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်မှာ ကျောင်းတာဝန်ကျဆရာဝန်အဖြစ်ပြောင်းလို့ရအောင် ကူညီပေးပါ့လား"
"ဟင် ဘယ်လို ကျောင်းမှာဆရာဝန်သွားမယ်ဟုတ်လား သား"
"ဟုတ်ကဲ့ papa"
"မေကြီး မင်းသဘောကရော"
"ကျွန်မကတော့ သဘောကျတာပေါ့ ကျောင်းမှာဆိုနည်းနည်းသက်သာမယ်လေ ကျွန်မသား နားရတာပေါ့ "
"အကြောင်းပြချက် က ဘာဖြစ်မယ်ထင်လဲ မေကြီး"
"Jongin လေးကြောင့်ထင်တယ် သူပြောပြတယ် "
"ကိုယ်ကတော့ သားသဘောအတိုင်း သဘောတူပေးချင်တယ် jongin လေးအသက်မပြည့်ဘဲ လက်ထက်ရတုန်းက သားအရမ်းနာကျင်ခဲ့ရတာကို မြင်ရတော့ အခုအချိန်သားပျော်တာလေကိုဘဲ မြင်ချင်တယ် တူကြီးပြောသလောက်တော့ လက်ထပ်တာကအမည်ခံရုံဘဲဆိုတော့ ကလေးကိုနားလည်ပေးကြမလားလို့"
"အင်း တကယ်က jongin လေးကလည်းအပြစ်မရှိပါဘူး တူကြီးကသာအထင်လွှဲပြီး ကလေးကိုနာကျင်အောင်လုပ်ခဲ့တာတဲ့ကြည့်ရတာ သားငယ်ရော jonginလေးရောကအများကြီးနာကျင်ခဲ့ရတော့ အခုပျော်သင့်တယ် မဟုတ်လား"

သဘောထားကြီးတဲ့မိဘရဲ့သားသမီးဖြစ်ရတာ sehun အတွက်တကယ်ကိုကံကောင်းတာဖြစ်သည်။ဆေးရုံကလည်းoh gp ကအပိုင်မို့ အေးဆေးဘဲဖြစ်သည်။
ညဘက်ပြောပြီးနောက်တစ်နေ့ရောက်တော့ကျောင်းမှာတာဝန်ထမ်းဆောင်ဖို့ထွက်လာခဲ့လိုက်သည်။ကျောင်းရောက်တော့ဒေါ်လေးကပြုံးကာ
"ဟို ကလေး နဲ့သားငယ်က အရင်ကတည်းကသိတာဆို"
"ဟုတ်တယ် တီလေး jiwoo ပြောတာလား"
"အင်း သူနဲ့စကားပြောနေတာကြားလို့မေးကြည့်တာ"
"ဟုတ်တယ် တီလေး က အခုမှပြန်တွေ့မှာလေ"
"အဲဒီကလေးက အရမ်းတော်တယ် အခုမေဂျာတစ်ခုလုံးမှာသူအမှတ်အများဆုံးဘဲ စာဘဲမဟုတ်ဘူးတော်ဘတ်စုံထူးချွန်းတယ်"
"တကယ်က လေ အဲဒီပေါက်စက အတန်းတွေအများကြီးကျော်တတ်လာတာ ဒီကြားထဲ အခက်အခဲနည်းနည်းရှိလို့ကျောင်းမတတ်ဖြစ်သေးလို့မဟုတ်ရင်ဘွဲ့ရနေလောက်ပြီး"
"အင်း နော် ဒါပေမဲ့လဲ ငယ်ပါသေးတယ်လေ"
"သူကျောင်းတတ်တာ အဆင်ပြေရဲ့လား"
"အရင် ကသူကိုရန်စတဲ့လူရှိတယ် သူကိုက်ပစ်တာတခါနည်းမှတ်သွားပုံဘဲအဲဒီနောက်တခါမှ မစတော့ဘူး"
"ကိုက်ပစ်တာ ဟုတ်လား တီလေး"
"အင်း သူစာတမ်းကိုဖြဲပစ်လို့ဆိုပြီးအဲဒီလက်ကိုအားရပါးရကိုက်ထားတာတစ်နာရီလောက်ကြာတယ် သူကိုတားလေ ပိုဖိကိုက်လေမို့သွေးတွေတောက်တောက်ကျတဲ့အထိကိုက်တာ"
"ဟိုဘက်က သူ့ကို အငြိုးထားနေမလားမသိဘူး"
"အငြိုးထားမထားတော့မသိဘူး သူ့အရိပ်တွေ့တာနဲ့ရှောင်နေတော့တာ တစ်ချို့ဆိုစိတ်ကြီးတယ်ဆိုပြီး နုတ်တောင်မဆက်ရဲဘူး
သဘောကောင်းရင်လည်း သူများထက်ကောင်းပြီးသူစိတ်တိုရင်လည်းကြောက်ဖို့ကောင်းတယ်လေ"

နှလုံးသားဖြင့် ဆုံးဖြတ်ထားသောWhere stories live. Discover now