မင်္ဂလာပွဲအတွက်ပြင်ဆင်နေတာနေတဲ့တစ်လျောက်လုံး jinwoo ကအကုန်လိုက်လုပ်ပေးတာကျေးဇူးတင်တာကြောင့်ညစာကိုအပြင်မှာအတူသးစားရင်းကျေးဇူးတင်စကားပြောတော့ jinwoo က"innie "
"ဟင် jinwoo ဘာဖြစ်လိုလဲဟင်"
"ငါ့ကိုကျေးဇူးတင်စကားမပြောပါနဲ့"
"ဟင် ငါက ကျေးဇူးတင်လို့ပြောတဲ့ဟာကိုဘာဖြစ်လို့လဲဟင်"
"မင်းငါ့ကိုကျေးဇူးတင်စကားပြောရင်သူစိမ်းလိုခံစားရလို့ပါ"
"အင်း ပါ ငါနောက်ကျရင် မပြောတော့ဘူးနော် "
"အင်း စိတ်မကောင်းမဖြစ်ပါနဲ့ စားပါကောင်းကောင်းနော် innie ဘာထပ်စားဦးမလဲဟင်"
"ငါက မင်းကိုလိုက်ကျွေးတဲ့ဟာကို မင်းကြိုက်တာထပ်စား"
"ငါက ဗိုက်ဝနေပြီး ရော် မင်းရော စားဦးမလားဟင်"
"ဟင့်အင်း ငါတို့ ညဈေး လျောက်သွားကြမလား ဟင်"
"အင်း လျောက်လည်မယ်"နှစ်ယောက်သားစကားတပြောပြောနဲ့ညဈေးရောက်လာတော့
"အဲဒါလေး လိုချင်လိုက်တာ"
ဆိုင်ထဲကပစ္စည်းလေးတွေကိုငေးရင်းပြောလိုက်တဲ့စကားကြောင့်jinwoo ကလှည့်ကြည့်ကာ
"innie ဘာလိုချင်လို့လဲဟင်"
"ဟိုမှာလေ ဝက်ဝံမိသားစု အရုပ်လေးလေ"
"ဖန်ပုလင်လေးထဲက ဟာလား ဟင်"
"အင်း ဟုတ်တယ် ချစ်စရာကောင်းတယ် မဟုတ်လား"
"လာ ငါဝယ်ပေးမယ် သိမ်းထားနော်"
"အင်း ဝယ်ပေး လာအခုသွားမယ် ငါ့ဘာသာဝယ်ရင်သူများတောင်းရင်ပေးလိုက်မိမှာစိုးလို့မဝယ်တာ တကယ်လို့ မင်းဝယ်ပေးမယ်ဆိုရင်တော့ ငါသိမ်းထားမှာပါ"
"ကောင်းပြီး ငါဝယ်ပေးမယ် innie လာခဲ့"ဆိုင်ထဲရောက်တော့သူကြိုက်တဲ့အရုပ်လေးကိုတယုတယကိုင်နေပုံကြောင့် jinwoo တစ်ယောက်ပြုံးသွားရသည်။
"အဲလောက်တောင် သဘောကျတာလား innie"
"အင်း ငါကြိုက်တယ်"
"ကလေးကျနေတာဘဲ မင်္ဂလာကဆောင်တော့မယ်အခုထိအရုပ်ကြိုက်တုန်းလား ဒါလေးပါယူလိုက်"jinwoo ကပြောရင်တခြားအရုပ်လေးပါလက်ထဲထည့်ပေးတာမို့ကြည့်လိုက်တော့ jinwoo အိတ်မှာအမြဲချိတ်ထားတဲ့ခွေးရုပ်သေးသေးလေးဖြစ်သည်။သူ့အသက် ၅နှစ်တုန်းက သူ့ အမေဝယ်ပေးထားတဲ့အရုပ်လေးမို့ယူလို့ဖြစ်ပါ့မလားဆိုတော့မင်းကငါ့အချစ်ဆုံးသူငယ်ချင်းမို့လို့ပေးတာလို့ပြောတာကြောင့်ယူထားလိုက်သည်။
YOU ARE READING
နှလုံးသားဖြင့် ဆုံးဖြတ်ထားသော
Fanficမင်း ရဲ့ အပြုံးတွေ အတွက် ငါ နှလုံးသားနဲ့ဆုံးဖြတ်ထားပေးတာမို့ နောင်တ မရှိရစေရဘူးလို့ကိုယ် အာမခံတယ် baby