အပိုင်း(19)

208 24 0
                                    

"jinwoo ရေ ငါပျင်းတယ်ပါဆိုနေကွာ"
"ဟင် မင်းပျင်းတာ ငါက ဘာလုပ်ပေးရမှာလဲ"
"ကျောင်းပြေးရအောင်"
"ဘာ ပြောတယ် ဒီတခါ ကျောင်းပြေးရင် အကို sehun သတ်လိမ့်မယ် ဂျီကောင်လေးရဲ့"
"ဟင့်  အခုတော့ jinwoo ကတောင် ကိုကိုနဲ့တူပြီးငါ့ကိုအလိုမလိုက်တော့ဘူးလား ပျင်းပါတယ်ဆို ပျင်းတယ်လို့ဟင့်"
"ငါ အကို sehun ဆီခွင့်တောင်းပေးရမလား"
"နိုင်ငံခြား သွားတယ်လို့ အဲဒီလူအိုကြီးက"
"ဟမ်  လူအိုကြီး ဟုတ်လား"
"ဟုတ်တယ်လေ လူအိုကြီးပေါ့ ငါတို့ထက်ကြီးတာကို မင်းကလူလတ်ကြီး ငါတို့နည်းနည်းလေးကြီးလို့ ငါကတော့လူငယ်လေးဆိုတော့ အခုကျောင်းလစ်တော့မယ် မလိုက်ရင်နေခဲ့"

ပထမနှစ်တုန်းကလူကြီးဆန်သလောက်အခု ဒုတိယနှစ်တတ်တော့မှ ကလေးဆန်ပြီးဆိုးလာကာသူပျင်းရင်ကျောင်းပြေးတတ်သေးသည်။Ro.1 ကမဆင်းလို့ဆရာဆရာမတွေကခွင့်လွတ်ထားတော့တကယ့်အဆိုးလေးလိုလုပ်နေတာဖြစ်သည်။
အခုလည်းနေ့လည်အတန်းပြီးတာနဲ့ကျောင်းပြေးချင်တဲ့ကောင်လေးနောက်လိုက်လာရတော့သည်။

"ကဲ သခင်လေး ဘယ်သွားချင်လဲ"
"jinwoo ကစားကွင်းသွားမယ်လေ မကောင်းဘူးလား မရောက်တာကြာပြီး လေ ညနေဆေးခန်းသွားရမယ်"
"ဟင် ဆေးခန်း ဟုတ်လား နေမကောင်းဘူးလား innie "
"နေကောင်းပါတယ် ဒီအတိုင်းဆေးစစ်တာပေါ့ နှလုံးကသိမ့်မကောင်းဘူးလေ ဟင်းးအဲဒါကြောင့် အလိုလိုက်ပါ "
"ဟုတ်ပါပြီး innie ရာ"

innie လို့ပထမဆုံးခေါ်မိတုန်းကစိတ်ဆိုးမယ်ထင်ပေမဲ့စိတ်မဆိုးတဲ့အပြင်အဲလိုလေးခေါ်ပါကြိုက်တယ်ဆိုပြီးပြောလာတာကြောင့်နောက်ပိုင်း innie လို့ဘဲခေါ်ဖြစ်သွားရသည်။

ကစားကွင်းရောက်တော့ သူ့ဆော့ချင်ရာတွေဆော့ပေးပြီးတော့ရေခဲမုန့်ဝယ်ပေးပါဆိုတဲ့ကောင်လေးကြောင့်ခဏထိုင်ခိုင်းထားကာရေခဲမုန့်ဝယ်ဖို့ထွက်လာလိုက်သည်။jinwoo ထွက်သွားတော့ခုံတန်းလေးမှာထိုင်ရင်း ဖုန်းဖွင့်ကာ ကိုကို ဆီ စာပို့နေတုန်းအနားရောက်လာတဲ့လူရိပ်ကြောင့် jinwoo အထင်နဲ့မော့ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့လူကြောင့် ဖုန်းပါလွှတ်ကျသွားရသည်။အဲလူကိုသိတာပေါ့ အတင်းအဓ္ဓမကားတင်ပြေးဖို့လုပ်တဲ့လူဖြစ်သည်။

နှလုံးသားဖြင့် ဆုံးဖြတ်ထားသောWhere stories live. Discover now