"မမလေး ကျွန်တော် ဟိုကောင်လေးအကြောင်းတော်တော်များများသိရတယ်"
"ဟုတ်လား ပြော"
"kim စားသောက်ကုန်လုပ်ငန်းက သူတို့ကုမ္မဏီတဲ့ ပြီးတော့ အကိုကြီးတစ်ယောက် ဟိုနေ့ က မမလေးနဲ့ပြသနာဖြစ်တဲ့ အမနစ်ယောက်ရှိတယ် ပြီးတော့ သူဌေး wu နဲ့ကဘာမှန်းမသိပေမဲ့သူဌေးwu အိမ်မှာ သုံးနှစ်နေခဲ့တာတဲ့ ဒေါက်တာoh နဲ့ကတော့လွန်ခဲ့တဲ့နှစ်တွေကတည်းကသိတာက အဲကောင်လေးအလယ်တန်းလောက်ကတည်းကလို့ထင်ပါတယ်"
"ဟုတ်လား တခြားရော"
"ပင်လယ်စာ နဲ့ဓာတ်မတည့်ဘူးတဲ့သူများလိုယားယံတာမျိုးမဟုတ်ဘဲ အသက်ရူကျပ်ပြီးသေလုနီးပါးဖြစ်တာတဲ့"
"အဲလိုလား"
"သရဲတွေ ဘာတွေမကြောက်ပေမဲ့ အမှောင်ကိုကြောက်တယ်တဲ့ပြီးတော့ သူဌေးOh တို့မိသားစုတွေအားလုံးကအဲကလေးကိုချစ်ကြတယ်တဲ့ လက်ထပ်မယ်ဆိုရင်တောင်သဘောတူထားပုံဘဲ"
"ဘာ အဲဒါ တကယ်ဘဲလား"
"ဟုတ်ကဲ့ ဒေါက်တာကလည်း အဲကလေးရှိလို့ကျောင်းကိုပြောင်းသွားတာလို့သိရပါတယ် မမလေး"
"သူဌေး wu နဲ့က ဘာလဲဆိုတာ စုံစမ်းပေး"
"ဟုတ်ကဲ့ မမလေး'"
"ငါသွားပြီး ထူးခြားတာနဲ့ဖုန်းဆက်လိုက် ဒါက နင့်အတွက်'"
"ကျေးဇူးပါ မမလေး"စုံစမ်းခိုင်းတဲ့လူဆီက သတင်းတွေကြောင့်ပြုံးကာဟေမီတစ်ယောက်အကြံအစည်တွေအကောင်အထည်ဖော်ဖို့လုပ်ရသည်။ပထမဆုံး sehun ဆီသူဌေး wu နဲ့ပုံတွေပို့ပေးဖို့ကွန်ပျူတာနဲ့သေချာပြင်ကာပို့ပေးပြီး အခြေအနေစောင့်ကြည့်ပေမဲ့ဘာမှမထူးခြားတာမို့အံ့သြသွားရသည်။
ဓာတ်ပုံတွေကအထင်လွဲလောက်အောင်ပြင်ထားပေမဲ့တစ်ဘက်ကအရေးတောင်မစိုက်တာကြောင့်အံ့သြရသည်။"ဆရာ ကျွန်မ ပို့ထားတဲ့ပုံတွေ ရလား"
"ဘာပုံကိုပြောတာလဲ ကျောင်းသူ"
"ဆရာ့အနားကပ်နေတဲ့ကောင်လေးလေ သူကလူကောင်းမဟုတ်ဘူးဆိုတဲ့အကြောင်းဓာတ်ပုံ ပို့လိုက်တယ်လေ"
"wu yifan က ငါ့နဲ့ဝမ်းကွဲ ညီအကိုတွေ ပါ ကျောင်းသူအဲလောက်ဆိုမင်းသဘောပေါက်မယ်ထင်တယ်"
"ဘယ်လို ဆရာ ညီအကို ဟုတ်လား "
"ဟုတ်ပါတယ် ကျောင်းသူ"
"ဆရာ အဲဓာတ်ပုံတွေ့တာတောင်မှဘဲ ဘာမှမဖြစ်ဘူးလား"
"မဖြစ်ပါဘူး ဘာဖြစ်ရမှာလဲ ဓာတ်ပုံကကွန်ပျူတာနဲ့ပြုပြင်ထားတာကြီးကို နောက်မဟုတ်တာတွေမလုပ်ပါနဲ့ကျောင်းသူ"
YOU ARE READING
နှလုံးသားဖြင့် ဆုံးဖြတ်ထားသော
Fanficမင်း ရဲ့ အပြုံးတွေ အတွက် ငါ နှလုံးသားနဲ့ဆုံးဖြတ်ထားပေးတာမို့ နောင်တ မရှိရစေရဘူးလို့ကိုယ် အာမခံတယ် baby