ဒေါက် ဒေါက်
' ကျွန်တော် ဝင်ခဲ့မယ်နော် ဥက္ကဌကြီး ´
ဒီအသံလေးကို သူခဏ ခဏ ကြားနေရတာ တစ်ပတ်နီးပါး ရိှသွား
ခဲ့ပြီ .....သူ့ဘက်က သာမန် ဝန်ထမ်းတွေကို ဆက်ဆံသလိုပဲ ခပ်တည်တည်
နဲ့ လုံးဝ ပုံစံမပျက်အောင်နေပေမယ့် ဒီကောင်လေးဘက်က
သွက်သွက်လက်လက်လေးရိှလှသည် .....ရုံးခန်းထဲက ထွက်ခါနီးတိုင်း ကိုယ်ကိုကိုင်းညွှတ်နှုတ်ဆက်တိုင်း
ကပ်ပါလာတဲ့ တောက်တောက်ပပ အပြုံးလေးတွေကြောင့်
သူ့အိပ်မက်တွေ လှပခဲ့ရသည် ....ကောင်ကလေးက ဒါကို သိမှ သိပါလေစ .....
အဖော်ခင်တဲ့ ရှင်းဆယ်က အရင်ကတည်းက အတွင်းရေးမှူးစားပွဲ
ကို CEO ရုံးခန်းနဲ့ ဘေးချင်းကပ် Marketing ဌာနမှာ စီစဥ်ထား
တာမို့ သူ့ကလေးနဲ့ အချိန်ပြည့်မတွေ့ရ .....ဖြစ်နိုင်ရင် သူက သူ့ကောင်လေးကို ရုံးခန်းထဲမှာတောင် ထားချင်တာ
ဒါပေမယ့်လည်း Marketing အဖွဲ့က စီနီယာတွေနဲ့ ခင်မင်ပြီး
ပြုံးရယ် နေတာကို တွေ့တော့လည်း သူလေး ပျော်နေပါစေလို့
လွှတ်ထားလိုက်တော့တာသူ့ရုံးခန်းမှာဆို ခပ်သွက်သွက်ကောင်လေးက တစ်ချိန်လုံး
ငြိမ်ကုပ်နေရပြီး ပျင်းနေမှာအသေအချာပဲ ...သူ့ဆန္ဒ တစ်ခုထဲနဲ့ သူ့ကလေးပျင်းနေမှာတော့ သူမလိုချင်ပါဘူး
အဲ့တာကြောင့် အပြင်တွေ ဘာတွေ ထွက်ပြီဆို မှန်တံခါးအကွယ်က
ဖြတ်အလျှောက် အထဲကိုမသိမသာ စောင်းငဲ့ပြီး ကြည့်ရတာလည်း
အမော .....ဒါပေမယ့်လည်း အဲ့ဒီ အခိုက်အတန့်လေးတွေက ရင်ထဲမှာ
တဒိပ်ဒိပ်နဲ့ ကျေနပ်စရာ ကောင်းလွန်းလှသည် ...' စာရင်းတွေကို အသေအချာပြန်စစ်ပြီးပါပြီ
ဥက္ကဌကြီး လက်မှတ်လေး ထိုးပေးပါနော် ´' အော ... ပင်ပန်းသွားပြီ ´
ခပ်သာသာအပြုံးလေးနဲ့ တုံ့ပြန်ပြီး သူပေးလာတဲ့ File လေးတွေ
ကိုဆွဲယူကာ ခပ်သွက်သွက်ကလေး လက်မှတ်ထိုးပေးလိုက်တယ်