Unicode
Coffee ဆိုင်တစ်ခုအတွင်း Baekhyun
အေးစက်နေသော လက်ဖျားများကို တင်းတင်းဆုပ်လျှက်
ခေါင်းငုံ့ကာ ရိှနေသည် ။
ရှေ့တွင်မူ အမေသည် မျက်နှာတည်တည်ကြီးဖြင့်
လက်ပိုက်ကာ သူ့ကိုတစိမ့်စိမ့်ကြည့်ရင်း ဘာစကားတစ်ခွန်းမှ
မဟပေ ။
ဥက္ကဌကြီးနှင့်တွဲနေသည့်အကြောင်းကို ဗြောင်ဆောလ်ဟျွန်းစနက်ဖြင့် သိသွားသည်မှာ သေချာသော်လည်း အမေ့ဘက်မှ ဘယ်လောက်ထိပြင်းပြင်းထန်ထန် တုန့်ပြန်မလဲဆိုတာ မခန့်မှန်းနိုင်သည့်အတွက် Baekhyun ချွေးများပျံကာ မူးတောင်မူးလာသလိုလိုပင်ဖြစ်၏ ။
တစ်သက်လုံး ဂျစ်ကန်သည့် ဆိုးပေပေသားမိုက်ဖြစ်လာသော်လည်း ဒီတစ်ခါတော့မတူပေ ။ ခါတိုင်းလို ကျောကုန်းကို ၂ ချက် ၃ ချက် ရိုက်လိုက်ရုံနှင့်ပြီးမသွားနိုင်တဲ့ ကိစ္စဆိုသည်ကို Baekhyun ကိုယ်တိုင်က နားလည်နေပါသည် ။
' ဖြတ်လိုက် ´
ပထမဆုံးအနေနှင့် အမေ့ဆီမှ ထွက်လာသောစကားဖြစ်သည် ။
Baekhyun သည် ငုံ့ထားသောခေါင်းကို ဖြည်းဖြည်းချင်းမော့၍ အမေ့ကို ငယ်ငယ်ကတစ်ခုခုကိုအပြင်းအထန်လိုချင်သောအခါ တောင်းပန်ပူဆာလေ့ရိှသော မျက်နှာပေးမျိုးလေးလုပ်ပြီး မော့ကြည့်လိုက်၏ ။
' အ .. အမေ ..... ´
' ဘာမျက်နှာပေးလဲ အဲ့ဒါက ?
မရဘူးနော် ဗြောင်ဘတ်ဟျွန်း !
ငါဒါတော့ လုံးဝ အလျှော့မပေးနိုင်ဘူး
ခုဖြတ်ဆို ဖြတ်ပဲ ´
' ဒီတစ်ခုလေးပဲလေ .. ဒါလေးပဲခွင့်ပြုပေးပါ အမေရာ
ဒါဆို တစ်ဘဝလုံး အမေ့စိတ်တိုင်းကျ သားလိမ္မာလေး ဖြစ်စေရမယ်လေ ... နော် ? ဖြစ်တယ်မလား ? ´
အမေက ဒေါသတွေကို မြိုသိပ်ထားဟန် မျက်နှာကို လက်ဖဝါးဖြင့် ယပ်ခပ်ရင်း သက်ပြင်းတွေကို ပြင်းပြင်းထန်ထန်ကို ရှူထုတ်နေလေသည် ။ Baekhyun မှာတော့ မျက်နှာငယ်ငယ်လေးကို ထားစရာနေရာကိုမရိှတော့ ။
' အေး ငါလည်းသိပါတယ်
ဒီတိုင်း ပါးစပ်နဲ့ပြောရုံလောက်နဲ့တော့ နင်နားမထောင်ဘူးဆိုတာ ´
Baekhyun သည် ခေါင်းထဲ ထိန်းခနဲဆောင့်တက်သွားကာ
သွေးများပင် ပြောင်းပြန်စီးချင်သွားသလိုပင် ။
အမေက ဘာလုပ်မလို့လဲ !!!
ရိုက်ရုံလောက်တော့ မဟုတ်တော့ဘူး ။
