- 9 -

3K 549 20
                                        

အခုချန်းယောလ်ရောက်နေတာက တစ်သက်ကြာလို့မှ တစ်ကြိမ်တောင်
ရောက်ဖို့မလွယ်ကူတဲ့နေရာလို့ပြောရမယ် ...

ထူးထူးခြားခြားတော့ မဟုတ်ပါဘူး
အတော်အတန် နာမည်ကောင်းကောင်းရရိှထားတဲ့ Cake ဆိုင်
လေးတစ်ခုကိုပါ ....

မထူးဆန်းတဲ့နေရာဆိုပေမယ့် သူမရောက်ဖြစ်တာကတော့အမှန်ပဲ
သူ့ဘဝမှာ ဘယ်သူ့ကိုမှ Cake လက်ဆောင်ပေးရလောက်တဲ့အထိ
ဆက်ဆံရေးမျိုးမရိှခဲ့ဖူးလို့ ....
အခုလို သူ့အိပ်မက်ပိုင်ရှင်လေးနဲ့မတွေ့ရခင်အထိပေါ့ .....

မှန်ပုံးထဲမှာ စီစီရီရီထည့်ထားတဲ့ Cake လေးတွေကို
ကြည့်ရင်း သူဝေခွဲမရဖြစ်နေသည် ...
ဘယ်ဟာက အရသာကောင်းပြ္း သူ့ကလေးလေး ကြိုက်လောက်မလဲ ....
ပုံစံလေးတွေကတော့ အကုန်စားချင်စဖွယ် အလှလေးတွေချည်းပင် ..

' ဧည့်သည်က ဘယ်လို Cake မျိုးလိုချင်လို့လဲ မသိဘူး '

သူရွေးရခက်နေတာမြင်တော့ အရောင်းစာရေးမလေးက ဖော်ဖော်
ရွေရွေ အပြုံးလေးနဲ့လာမေးတယ် ...

' ချစ်သူကို ပေးမလို့ပါ ...
အရသာကောင်းပြီး Romatic ဆန်တဲ့ဟာမျိုးလေးလိုချင်တယ်
ဘာက ကောင်းမလဲ ... '

ဤစကားကို ချန်းယောလ် ထစ်ငေါ့ခြင်းမရိှ ပေါ့ပေါ့ပါးပါးပင်
ဖြေလိုက်သည် ...
ဟုတ်တယ်လေ အခု ချစ်သူတွေမဖြစ်သေးလည်း နောက်ဖြစ်လာမှာပဲကို ...
အခုကတည်းက စည်းအပြင်ဘက်မှာ ဘာလို့ရပ်နေမလဲ
တစ်ခါတည်းစည်းဝိုင်းထဲ ဝင်နေရင်ပြီးရော ....

အရောင်းစာရေးမလေးက ခပ်ဖွဖွရယ်တယ် ...

' ချစ်သူကို ပေးဖို့အတွက်ဆိုတော့ ဒီဘက်က ဟာလေးက
အဆင်အပြေဆုံးပါပဲ ....
အရသာကတော့ ဒါကိုမှီတာမရိှဘူး '

ကောင်မလေး ညွှန်ပြတာက ပန်းရောင်သန်းရုံလောက်လေး
Cream ဖျော့ဖျော့လေးကို သုံးထားသည့် Cake အလတ်စား
လေးပင် ....

ရိုးရှင်သော ဗြောင် Cake အဝိုင်းကလေး၏အလယ်တွင်
Strawberry သီးနီနီရဲရဲကြီး သုံးလုံးကို ချထားသည် ....

ကြည့်လိုက်တာနဲ့ စားချင်စဖွယ် အရည်ရွှမ်းရွှမ်းကြီးတွေ ....
အမှန်တော့ သူလည်းအဲ့ဒါလေးကိုပဲ မျက်စိကျနေတာပင်
အရသာကို သေချာမသိလို့သာ .....

May Lily ( Completed )Where stories live. Discover now