အဝါရောင် Bus လေးသည် ကျူရိုးပင်လေးများ ကာရံထားသော
အဝေးပြေးလမ်းမကြီးထက်တွင် တဖြည်းဖြည်း မောင်းနှင်လို့လာသည် .....ချန်းယောလ်သည် သူ့ဘေးမှ ယိမ်းထိုးစ ပြုနေပြီဖြစ်သော
ခေါင်းလုံးလုံးလေးအားကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ
ကော့တက်သွားရ၏ ....ကြည့်စမ်းပါဦး လက်လေးပိုက်လို့ အိပ်ငိုက်နေတဲ့ ပုံလေးက
ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ .....ကားက အနည်းငယ်လှုပ်ယမ်းသွားတိုင်း ခေါင်းလေးနှင့်အတူ
ပါးဖောင်းဖောင်းလေးကပါ အိတုံတုံလေးနဲ့ တုန်ခါလို့ ....ဒါလေးကို ချန်းယောလ် အမှန်တကယ်သာ ပါးစပ်ထဲငုံထားလိုက်
ချင်တော့သည် ....' အို့ ... အို့ '
ကြည့်ကောင်းတိုင်း ထိုင်ကြည့်နေရင်း ဘတ်ဟျွန်း၏ ခေါင်းကလေး
တစ်ဖက်ကို စောင်းကျသွားကာ ကားမှန်နှင့်ဆောင့်မိတော့မလို
ဖြစ်မှ ကဗျာကယာ လက်ကို သွားခံကာ တားထားလိုက်ရသည် ...ဟူး ... တော်သေးလို့ ...
ဆောင့်မိရင် သူ့ကလေးနာနေဦးမှာ ....မနိုးစေရန် ခေါင်းကလေးကို တဖြည်းဖြည်း သူ့ဘက်ကို ဆွဲယူရင်း
ကိုယ်ကိုလည်း နည်းနည်းလျှောထိုင်ကာရင်ခွင်ထဲမှီထားစေလိုက်သည် .......ဤ အခြေအနေလေးကို သဘောကျလွန်း၍ ချန်းယောလ် လေသံ
တိုးဖွဖွလေးနှင့် ရယ်မိ၏ .....နားကျပ်က ထွက်ပေါ်နေတဲ့ Every time every moment
လေးကလည်း သူ့နှလုံးသားကို ပိုလို့ အေးချမ်းစေတယ် .....မိမိမျက်နှာအောက်နားရောက်နေတဲ့ နုအိအိပါးလေးနား ကပ်၍
အသက်ပြင်းပြင်းရှူလိုက်တော့ ခပ်သင်းသင်းအနံ့လေးတစ်ခုက
မွှေးနေသေးတယ် ....ကြည့်ရတာ သူ့ဘတ်ဟျွန်းလေးက တစ်ခုခု လိမ်းလာတဲ့ပုံလေးပင် ....
ထို့အနံ့လေးကို ကြိုက်လွန်း၍ ထပ်မံ နမ်းမိသေးသည် ...
ပါးကိုတော့ သွားမထိရဲပါ ....
မထိတထိ အနေအထားလေးများပဲ ကျေနပ်ကာ ချစ်ရနံ့လေးကို
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာအထိ မှတ်မိအောင် ကြိုးစားယူ
နေရသည် ......