Unicode
နေ့လည်ဘက်ခဏ အိမ်ထောင်ဘက်တွေ့ပြီးချိန်တွင်
Baekhyun အချိန်မှီသလောက် ရုံးတက်နိုင်ရန်
အဝတ်အစားလဲပြီး Company သို့ထွက်လာခဲ့သည် ။ခါတိုင်းဆို နေ့ခင်းတစ်ဝက်ရ တစ်ဝက်
အိမ်မှာ အတိုးချ၍ အိပ်နေမည်ဖြစ်သော်လည်း
အခုတော့ သူဟာ သိပ်က်ို တာဝန်သိတတ်တဲ့
ဝန်ထမ်းဖြစ်ချင်နေ၏ ။ဟို မုန်လာဥမလေး နှင့်လည်း IG acc
အပြန်အလှန် Follow ရုံ Game ID လဲရုံ
လောက်သာ ပြုလုပ်ခဲ့ပြီး နှုတ်ဆက်ကာထွက်လာခဲ့သည် ။
သူက စိတ်မဝင်စားကြောင်းပြထား၍
ထို မုန်လာဥ ခမျာလည်း ရှေ့မဆက်ရဲရှာပေ ။Bus ပေါ်မှာ နေရာယူပြီးမှ ဖုန်းကိုထုတ်၍
တစ်ခုတည်းသော Message box ကို
6 ခါမြောက်ဝင်စစ်ကြည့်မိပြန်တော့ reply
မတွေ့ရပြန်ဘူး ။
မနက်က အမျိုးမျိုး message တွေပို့ပြီး
စနောက်ထားသောဥက္ကဌကြီးကို
ဒေါသထွက်၍ ခေါင်းမီးတောက်နေသော
Sticker လေးပြန်ပို့ထားသော်လည်း ခုထိ
reply မပြန်လာသေး ။
မသိစိတ်ကြောင့် လက်က ခဏ ခဏ ထောက်ပြီး
message box ထဲ ဝင်ကြည့်မိပေါင်းလည်း
များနေပြီ ။' ဘာလဲဟာ ´
ခုချိန်ထိ ဖုန်းကို မကြည့်မိသေးတာလား ၊
အလုပ်များနေလို့လား စသည်ဖြင့် အမျိုးမျိုး
တွေ့ကြည့်ပြီးနောက် Baekhyun ဖုန်းကိုသာ
ရင်ခွင်ထဲ ထည့်ဖက်ထားသော ကျောပိုးအိတ်ထဲသို့
အကြမ်းအရမ်း ထိုးထည့်ထားလိုက်တော့သည် ။Company ကိုရောက်သေးအခါတွင်လည်း
မဟုတ်မှလွဲရော ဟူသောစိတ်နှင့် Notice
board ကို အပြေးသွားကြည့်ရသေး၏ ။
ရုပ်ဆိုးပန်းဆိုး နှင့် သူ့ပုံကို Notice board ပေါ်
မတွေ့ရသော အခါတွင်မှ သက်ပြင်းချရင်း
အပေါ်ထပ်သို့ တက်ရ၏ ။နေ့တစ်ဝက်ခွင့်ယူထားတာမို့ မနက်ကလုပ်ရမည့်
စာရင်းတွေကိုပါ အကုန်သိမ်းကြုံးပြီးလုပ်နေရသည့်အတွက်
စစရောက်ချင်းကနေ 1 နာရီခွဲလောက်ကြာသည်အထိ
သူ့မှာ ခေါင်းဖော်ဖို့မရ ။
ထိုကြားထဲလည်း ခဏ ခဏ ဖုန်းကို
ထုတ်ထုတ်ကြည့်ရသည်မှာ အမောပင်ဖြစ်၏ ။
Reply မလာသော message box ကို
တွေ့လိုက်ရလျှင် ပိုလို့ပင် မောသွားရသည် ။
ဘာလ်ို့မှန်းမသိ သူ့စိတ်တွေ သိပ်မကြည်တော့ပေ ။