Unicode
ဘတ်ဟျွန်း ဒီနေ့ အလုပ်ပြန်ဆင်းသည် ...
ခေါင်းသုံးချက် ချုပ်လိုက်ရသော ဒဏ်ရာက အပြင်းအထန်ကြီး မဟုတ်ပေမယ့် ဥက္ကဌကြီးကတော့ သူ့ကို ၂ ပတ်ပင် နားရက်ပေး
လိုက်သေး၏ ...အရင်ကတော့ အလုပ်မရိှအကိုင်မရိှ ဖြစ်၍ နေ့တိုင်း အားအား
ယားယား နေခဲ့သော်လည်း အလုပ်ရိှလာသော အခါ၌မူ အလုပ်
မသွားရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ပျင်းခြောက်ခြောက်ကြီးနှင့် .....ဘယ်လိုပဲပြောပြော သူ ဒီအလုပ်ခွင်နှင့် အံဝင်ခွင်ကျ ဖြစ်လာသည်
က အမှန်ပင် ဖြစ်သည် ....' Baekhyunee ....
အလုပ်တောင် ဆင်းပြီလား ..
ခေါင်းရော ? သက်သာသွားပြီလား ´ဌာနသို့ ဝင်ဝင် ချင်းမှာပင် စီနီယာ အစ်မ တွေက တစ်ယောက်
တစ်ပေါက်နှင့် သတင်းမေးလိုက်ကြသည်မှာ မနည်းပင် ပွဲဆူ
သွား၏ ....သူကတော့ ပြုံးရယ် ရင်း နှင့်ပင် ဒဏ်ရာက သိပ် အများကြီး
မဟုတ်ကြောင်း သက်သာသွားပြီ ဖြစ်ကြောင်း ပြောပြရသည်...' Baekhyunee သိပြီးပြီလား ?
ဘိုးတော်ကလေ ... လုံခြုံရေး ခေါင်းဆောင်ကို အလုပ်ဖြုတ်ပစ်
လိုက်တာ ´' ဗျာ ´
ဘတ်ဟျွန်း မျက်လုံး လေးဝိုင်းစက်သွားရသည် ....
မဟုတ်ဘူးလေ ဒီလောက်ထိ လုပ်စရာလိုလို့လား ....
သူလည်း ခေါင်းပေါက်ရုံက လွဲလို့ ဘာမှ ကြီးကြီးမားမားဖြစ်သွား
တာမှ မဟုတ်တာကိုလေ ......စီနီယာအစ်မက Coffee ဘူးလေးကိုင်ရင်း ခေါင်းလေး
ခပ်ဆဆငြိမ့်ကာ ဆက်ပြောလာလေသည် ...' အင်းလေ ... ဘိုးတော် က တအား စည်းကမ်းကြီးတာကို
အခွင့်အရေးဆိုတာ ရိှပါ့မလား ! တစ်ခါမှားတာနဲ့ Out ပေါ့
ဒါပေမယ့် တစ်ခုခု ကို မခံစားရဘူးလား ´စီနီယာ အစ်မ၏ စကားအဆုံးမှာ အခြား အစ်မတွေကလည်း
ဘာလဲ ဟူသော မျက်နှာထားမျိုးများနှင့် ခေါင်းများ ဝိုင်းအုံလာ၏' ကိုယ့် ဝန်ထမ်း တွေကို အပြည့်အဝ ကာကွယ်ချင်တဲ့စိတ် ....
ဘယ်လိုပြောရမလဲ စဥ်းစားကြည့်ယုံနဲ့တင် အလိုလို လုံခြုံသွားတဲ့
ခံစားချက်မျိုးလေ .... ´
