Unicode
ခရီးစဥ်က ပြန်ရောက်ပြီး အိမ်တွင် တစ်ရက်ပဲ နားကာ နောက်နေ့ မနက်တွင်တော့ Baekhyun ဘူချွန်းကိုပြေးရသည် .....
လက်ဆောင် တွေက တော့ ခရီးက ရောက်ရောက်ချင်းပင် စျေးတစ်ပတ် ပတ်၍ မွှေနှောက် ကာ ဝယ်ပြီးပြီ ဆိုတော့ နောက်နေ့
မနက်စောစော အစ်မရဲ့ကားနဲ့ အတူ ဘူချွန်းကို ပြန်ရသည် ....အမေ ဖို့ရော အစ်ကိုကြီး အတွက်ရော အစ်မအတွက်ရော
လက်ဆောင် ပစ္စည်းတွေအပြင် ....
နောက် အိမ်နီးချင်းတွေအတွက်ပါ မုန့်တွေဝယ်ခဲ့ရတာမို့ လစာ
ဝမ် ၁၀ သိန်းထဲက တစ်ဝက်လောက် ပြောင်သွားခဲ့ပြီ ဖြစ်သည် ....Baekhyun အရင်က အစ်ကိုတွေ အစ်မတွေ ရှာပေးတာကိုသာ
မိန့်မိန့်ကြီး ထိုင်ဖြုန်းခဲ့ပေမယ့် အခုကိုယ်ပိုင် ပိုက်ဆံရလာတော့
ကိုယ့်ပိုက်ဆံ ကုန်မှာကို တအားကြောက်လာ၏ ....ပြီးတော့ အရွယ်ကရောက်နေပြီ ကားလေး တစ်စီးတောင်မရိှသည်က မဟုတ်သေးတာမို့ ကားဝယ်ဖို့ အတွက်ပါ ရည်ရွယ်ပြီး ပိုက်ဆံကို တော်တော် စိစစ်နေရသည် ...
အလုပ် လုပ်မှ ကိုယ်ဟာ ကပ်စီးကုပ်တတ်သူတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ဟာကိုယ်
နားလည်လာရ၏ .....' အမေ ..... သမီးတို့ရောက်ပြီ ´
အိမ်ရောက်ရောက်ချင်း အစ်မက သူ့အသံပြဲကြီးနှင့် အော်ကာ
အိမ်ထဲ ကျော့ကျော့မော့မော့ ပင် ဝင်သွားသဖြင့် သူကသာ
ကားထဲမှ အထုတ်အပိုးပေါင်း များစွာကို မနိုင်မနင်းသယ်ရင်း
ဝင်ရသည် .......အစ်ကိုကြီးကလည်း အပေါ်ထပ်မှ ဆင်းလာကာ သူ့ဆီက ပစ္စည်းတွေ လွှဲပြောင်းယူတော့မှ အသက်ရှူချောင်ရ၏ .....
မွေးကတည်းက အသက် ၇ နှစ်ကွာသည့် အစ်ကိုကြီးက
သူ့ကို အလိုလိုက်ပြီး ကြင်ကြင်နာနာ ဆက်ဆံတာမို့
အစ်ကိုကြီးကို ချစ်ပေမယ့် အသက် ၂ နှစ်ပဲကွာသည့် အစ်မနဲ့တော့
အမြဲတမ်း သတ်နေကျ ..... ရန်တကျက်ကျက်နဲ့ပင် ဖြစ်သည် .....အထုတ်အပိုးတွေ အကုန်ချပြီးမှ သူ့ဆီကို တလုံးလုံး နှင့်ပြေးလာသော သူ့အသည်းကျော်လေးကို သူ့မှာ ပြေးပွေ့ရသည် .....