- 23 -

2.7K 490 9
                                    

( Unicode )

Chanyeol သည် အားအင်ဖျော့တော့တော့ ခြေလှမ်းများဖြင့်
မီးဖိုခန်းထဲ ဝင်သွားပြီး ... စားပွဲပေါ်ထက် ရေကရားထဲမှ
ရေတို့ကို ခွက်အတွင်း ထည့်ယူကာ ဆေးခါးခါး တစ်ချို့ကို
ကြိတ်မှိတ်သောက်ပစ်လိုက်ရသည် ...

ငယ်တော့တဲ့ အသက်အရွယ်မဟုတ်ပေမယ့် ဆေးသောက်ဖို့ကိုတော့
ခုထိ မနှစ်မြို့သေးသည်ကတော့ အမှန်ပင် ...

မနေ့ည ကတည်းက နှုန်းချိနေခဲ့သော ခန္ဓာကိုယ်သည် မနက်နိုးတော့
သိသိသာသာကို အဖျားတက်နေခဲ့ပြီမို့ သူငယ်ချင်း ဆရာဝန်တစ်ယောက်ကို အမြန် Phone ဆက်၍ ခေါ်ရသည် ...

Company မလာနိုင်ကြောင်းကိုလည်း ရှင်းဆယ်ကို Phone ဆက်ရသေး၏ ...
ထို့နောက် တစ်မနက်လုံး ​ေပါင်မုန့်အချို့နှင့် Coffee နှင့်သာတင်းတိမ်ခဲ့ရသေးသည် ...

ဒါဟာ သူ့ဘဝပါပဲ ...
အရင်ကတော့ မိသားစုနဲ့ကင်းကင်းကွာကွာ ဖြစ်ကာ
တစ်ယောက်တည်း ရှင်သန်ရသည်ကို အားငယ်မိခဲ့သော်လည်း
ကြာလာတော့ နေသားကျလာသည် ...

အခု ဘဝထဲကို ဆွဲခေါ်ချင်မိတဲ့သူရိှလာတော့ ထိုအားငယ်မှုတွေက
တစ်ခါပြန်လည်လာသည် ထင်ပါရဲ့ ...
ဖျားနေသည့် အချိန် ဘေးမှာမရိှတော့ စိတ်က အဆင်မပြေပေ ....

အိပ်ယာပေါ်မှာပဲ မှိန်းနေရင်း စားပွဲပေါ်က နာရီကို လှမ်းကြည့်လိုက်တော့ ညနေ 6 နာရီခွဲနေပြီ .....

ဘယ်လိုမှအထီးကျန်မှုကို သည်းမခံနိုင်တော့တဲ့ အဆုံး သူ
အားတင်းကာ PH NO. တစ်ခုကိုခေါ်ပစ်လိုက်တော့၏ ....

ခဏကြာသောခေါ်ဆိုမှုလေး အဆုံးတွင်
သူစောင့်မျှော်နေရသော တစ်ဦးတည်းသူလေးရဲ့
အသံချိုချိုလေးက ထွက်ပေါ်လာလေသည် .......

' ဟယ်လို ... ဥက္ကဌကြီး '

သူ့နှုတ်ခမ်းပါးတွေမှာ ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ဖြစ်ပေါ်သွားသည် .....
ဒီ မရဲတရဲ တိုးညှင်းညှင်း အသံလေး​နှင့်ပင် သူ့စိတ်
တစ်ဝက်လောက်က သက်သာရာ ရသွား၏ .....

' ငါ နေမကောင်းဘူး ... ပြီးတော့ ဘယ်သူမှလဲ မရိှဘူး ...
လာခဲ့ပေးလို့ မရဘူးလား '

May Lily ( Completed )Where stories live. Discover now