- 22 -

3.2K 515 20
                                        

Unicode

အရင်က Baekhyun စားပွဲပေါ် ရောက်ရောက်နေတတ်သော ပစ္စည်းများသည် ပေးပို့သူကို မသိရသော်လည်း ယခုတော့ဖြင့်
အခြေအနေ တစ်မျိုးပြောင်းသွားပြီမို့ Baekhyun ၏ စိတ်ထဲတွင်
ရှက်ကိုးရှက်ကန်း နိုင်လွန်းလှသည်

ဒီနေ့လည်း စားပွဲပေါ်ကို ရောက်နေသည်က Sandwich တစ်ခုရယ် ပြီးတော့ လက်နှင့်တစ်ကိုင်စာရိှသော မွေးပွဝက်ဝံရုပ်ပျော့လေး တစ်ခုပင် ဖြစ်၏ .....

ဒီနေ့အတွက် Note paper လေးပေါ်က စာသားလေးကတော့
' ပင်ပန်းတဲ့အချိန်တွေမှာ ဝက်ဝံရုပ်လေးကို ဖက်ထားလိုက်ပါ ...
မင်းတစ်ယောက်တည်း မဟုတ်ပါဘူး Baekhyuneee ...
အဲ့ဝက်ဝံရုပ်လေးက ငါပဲ ... ပြီးတော့နေရာတကာကို သယ်သွားလို့ရတဲ့ Size လေးပါ ^ ^ ' တဲ့ ....

Baekhyun မရယ်မိအောင် မနည်းထိန်းရင်း အကြည့်က တံခါးဝကို အလိုလိုရောက်သွားသော ချောင်းကြည့်နေသော ခေါင်းလေးတစ်လုံးနှင့် တိုက်တိုက်ဆိုင်ဆိုင်ကို အကြည့်ချင်းဆုံသွားရ၏ ...

အခန်းထဲက စီနီယာမမြင်အောင် ခိုးကြောင်ခိုးဝှက်လုပ်နေသော
ဥက္ကဌကြီးသည် သူကြည့်လာသည်ကို မြင်တော့ မျက်စိတစ်ဖက် မှိတ်ပြ၍ Fly Kiss ပါပေးလာသေးသည် .....

Baekhyun ဖြန်းကနဲ မျက်နှာတွေ ပူတက်သွားသလို
ကမန်းကတမ်းပင် ဆတ်ကနဲမျက်နှာကို လွှဲချလိုက်ရ၏ .....
ဥက္ကဌကြီးက တကယ်ပဲ ဘာဖြစ်နေတာလဲ .....
အခြားသူတွေ မြင်ကုန်ရင်တော့ ရှက်စရာကြီး ........

သူတွေးရင်း ခပ်ဖြည်းဖြည်း လှည့်ကာကြည့်မိတော့
ဥက္ကဌကြီးက မရိှတော့ပေ ...
အင်း ... မဖြစ်တော့ဘူး ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ သူတစ်ခုခုတော့ပြောမှ ဖြစ်တော့မည် ....

အခြားသူတွေ သိကုန်လို့ Company မှာ နေရခက်နေမယ့်အဖြစ်မျိုး သူမလိုချင် ...
.
.
.
.
.

' အာအီဂူးးးး ... ဘယ်သူလဲလို့ Baekhyunee လေးပဲ ...
ဘာကိစ္စရိှလို့လဲ ကလေးလေး '

အခန်းထဲ ဝင်လာတာနဲ့ ကျက်သီးထစရာ နာမ်စားကြောင့် Baekhyun တစ်ချက်တွန့်ကနဲ ဖြစ်သွားရ၏ .....

' ကလေး .. ကလေးလေး ?
ကျွန်တော်က ? '

' အွန်းမ် .... ငါ့အတွက်ကတော့ ကလေးလေးပဲလေ ..
မခေါ်နဲ့လို့တော့ မပြောနဲ့နော် ...
မင်းအလုပ်စ ဝင်ကတည်းက ငါ့ရင်ထဲက ခေါ်နေကျ နာမ်စားလေးမို့လို့ '

May Lily ( Completed )Where stories live. Discover now