- 13 -

2.6K 530 15
                                        

Unicode

Hotel နှင့်ဆက်စပ်နေသော ကမ်းခြေနေရာတွင် သစ်သား စားပွဲရှည် အတန်းလိုက်ကြီးနှင့်  ပင်လယ်စာ ဟင်းပွဲမျိုးစုံ
ခင်းကျင်းထားသည်က သွားရေကျဖွယ်ပင် ဖြစ်သည် ....

ညနေ ၆ နာရီ ခန့်ဖြစ်သည့်အလျှောက် နေဝင် ရီတရော အချိန်တွင်
သူတို့ Company မှ ဝန်ထမ်းတော်တော် များများ ညစာစားပွဲသို့
ရောက်နေကြပြီ ဖြစ်သည် ....

အဓိက ဖြစ်သည့် ဘိုးတော် က ရောက်မလာသေးသဖြင့် ...
ဘယ်သူမှ အစားအသောက်များကို မထိသေးပဲ ဝိုင်သောက်သူက
သောက်  အချိုရည် သောက်သူက သောက်နှင့် စကားဝိုင်းဖွဲ့
ပြောနေကြသည်မှာ အုတ်အုတ်ကျက်ကျက် နှင့် ဆူညံလွန်းလှသော
အခြေအနေ ဖြစ်နေသည် ......

ရှင်းဆယ် သည် ဝိုင်ကို ဟန်ပါပါ အနည်းငယ်မျှ သောက်လိုက်ပြီး
သူမ၏ မျက်စောင်းထိုးနေရာမှ  အရပ်ရှည်ရှည် နှင့် အတန်ငယ်
ကြည့်ကောင်းသော မောင်လေး တစ်ယောက်ကို ရှိုးနေလိုက်၏

သူဒီကောင်လေးကို  မျက်စိကျနေမိသည်မှာ ခရီးစထွက် ကတည်းကပင် ဖြစ်သည် .... အနည်းဆုံး တော့ ရည်းစားလေး
တောင် မထားဖူးပဲ မသေနိုင်ဘူး .....
အခုလို ငယ်ငယ်ချောချော ကောင်လေးနဲ့များတွဲလိုက်ရလျှင်
တစ်ဘဝလုံး အပျိုကြီးဘဝနဲ့အရိုးထုတ်ရရင်တောင် နောင်တရစရာ
အကြောင်းကျန်ခဲ့မယ် မထင် ......

ထိုကောင်လေးကလည်း သူ့ဘက်ကို မျက်လုံးတစ်ချက်ဝေ့လာခိုက် အညင်သာဆုံးလေးနှင့် အပြုံးမမည်သော နှုတ်ခမ်းတွန့်ရုံလေးဖြင့်
ခေါင်းငြိမ့်ပြလိုက်တော့ ကောင်လေးက လည်းပြုံးပြလာသည် ....

ရှင်းဆယ်သည်  စိတ်ထဲမှ  Yes  ဟု အော်ပစ်လိုက်ပြီး  အပြုံးမှ
အစပြု၍  စကားအနည်းငယ်ပြောကြည့်ရန် ပါးစပ်ဟ ရုံပဲရိှသေး
ဘေးနားက လွတ်နေသော ထိုင်ခုံကို ဝုန်းဝုန်းဒိုင်းဒိုင်းလာထိုင်သူကြောင့်  စိတ်ပျက်စွာ အံကြိတ်မိလိုက်၏ ......

မကျေမနပ်နှင့် မျက်စောင်းထိုးကာ အံခဲ၍ ကြည့်လိုက်တော့
အားကစား ဘောင်းဘီ ဘေးစင်းကျား အမဲကြီးနှင့် အပေါ်က
ခဲရောင် Hoodie ဝတ်ထားသည့်အပြင် ခေါင်းစွပ်ကိုပါ ဆောင်း
ထားသေးသော သူငယ်ချင်း အကောင်းစားကြီးကို မျက်မှောင်ကြုံ့
လျှက်တွေ့လိုက်ရသည် .......

May Lily ( Completed )Where stories live. Discover now