" အခုမှ ပြန်လာတာလား "
အိမ်ထဲသို့ဝင်ရန် ခြံတံခါအား လက်လှမ်းစဉ်မှာပဲ ရုတ်တစ်ရက် အနောက်မှ ထွက်ပေါ်လာသော အသံ ။ သူမ မျက်ဝန်းတွေ ဝိုင်းစက်သွားရဲ့ ။ နောက်ကို လှည့်ကြည့်လိုက်လျှင်ပဲ မပြုံးမရယ် မျက်နှာသေနှင့် ညို့ငင်စွာ စိုက်ကြည့်နေသော
" ငယ် ! "
" ဘယ်အချိန်ရှိနေပြီလဲ "
" ဘာလို့ ခြံရှေ့မှာ စောင့်နေတာလဲ အိမ်ထဲဝင်တာ မဟုတ်ဘူး "
" အဲ့တာတွေ ထားစမ်းပါ … အခုဘယ်က ပြန်လာတာလဲ "
" . . . . . . . . . "
ရုတ်တစ်ရက်မေးလာသော Lisa အမေးကို သူမဘယ်လိုဖြေရမည်မသိ ။ အသံက သိသိသာသာ တင်မားနေတာကြောင့် ပြောစရာ စကားပင် ပျောက်ရှရ၏ ။
" ဘာဖြစ်လို့ အဲ့လောက်တောင် ဒေါသထွက်နေတာလဲ ငယ်ရဲ့ "
" မမ သိပါတယ် ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ "
မျက်ခုံးအစုံကို နီးကပ်စွာ ဆွဲယူတွန့်ချိုးရင်း သူမမျက်နှာကိုသာ စေ့စေ့စိုက်ကြည့်ကာ ပြောလာသော Lisa ကြောင့် အနည်းငယ် စိုးထိပ်ရလေသည် ။ သူမလေး တော်တော်ပင် စိတ်ဆိုးနေသည် ထင်ပါရဲ့ ။ ငယ်စဉ်ကတည်းကပင် သူစိတ်ကောက်တော်မူလျှင် ခြေမကိုင်မိလက်မကိုင်မိ ပြာပြာသလဲ ချော့ရသူက Chae သာ ။
" အရင်ဆုံး အိမ်ထဲဝင်ရအောင်လေ ငယ်ရယ် အပြင်မှာ မအေးဘူးလား "
" မဝင်ပါဘူး … မမ အေးရင် ရော့ "
ချိုချိုသာသာ ဆိုလာသော စကားကိုလည်း ကလန့်ပြန်တိုက်ရင်း သူ့အပေါ်ကုတ်ကို ချွတ်ကာ Chae အပေါ် လွှားခြုံပေးသူ ။ ကရုမစိုက်ပဲ နေနိုင်တာလဲ မဟုတ်ပဲနဲ့လေ တကယ်ပါပဲ ဒီကလေးဟာ စိတ်ဆိုးနေသေးတယ် ။
" ငယ် အအေးမိမှာဆိုးလို့ ပြောတာပါ "
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...