ကားကို အရှိန်အဟုန်ပြင်းစွာပဲ ဦးတည်ရာတစ်ခုကို မောင်းနှင်လိုက်တယ် ။ မနက်ခင်းဆေးရုံက သတိရချင်းပဲ သိလိုက်ရတာက မမဟာ အဘိုးနဲ့ တွေ့ခဲ့ပါသတဲ့ ။ ဒီထက်ပိုဆိုးတဲ့အဖြစ်မှန်က အဲ့ဒီကတည်းက မမဟာ တစ်ညလုံးအိမ်ပြန်မလာတဲ့အပြင် ကိုယ့်ဆီက ဆက်သွယ်မှုတွေအကုန်ကိုပါ လျစ်လျူရှု့နေခဲ့တယ် ။
" သခင်ကြီးက သခင်လေးနဲ့ စကားပြောနေတယ် သခင်မလေး ခနလောက်စောင့်ပေးပါ "
ကားတံခါးကို အလျင်စလိုဖွင့်ရင်း အိမ်ထဲကို ခြေလှမ်းကျဲတွေနဲ့ ပစ်ဝင်လာတဲ့ ကိုယ့်ကို ဦးလေးကင်က စကားတစ်ချို့နဲ့ ဟန့်တားလာတယ် ။ ဒါတွေက ကိုယ့်အတွက် အသုံးမဝင်တာလည်း သိရက်နဲ့ ။
" မမ က အခု ဆက်သွယ်လို့ မရဘူး . . . မနေ့က အဘိုးနဲ့ ဘာတွေပြောဖြစ်ကြတာလဲ "
" အဲ့ဒီတုန်းက ကျွန်တော် ဆေးရုံအခန်းထဲမှာ ကျန်ခဲ့တာမို့ မသိလိုက်ဘူး "
" အဲ့တာဆို အဘိုးကို တွေ့မှ ဖြစ်မှာပဲ "
ဦးလေးကင်ကို ကျော်လွန်လို့ လှေကားကိုတက်လိုက်တဲ့ အခါမှာတော့ ဘာစကားမှဆိုမလာတော့တာက ခွင့်ပြုလိုက်တာပဲထင်ရဲ့ ။ အတော်အတန်မက များလွန်းတဲ့ လှေကားထစ်တွေကို အချိန်တိုအတွင်း ကျော်ဖြတ်လို့ တိတိပိတ်ကျနေတဲ့ ကျွန်းတံခါးချပ်ကို အနည်းငယ်ဖွင့်ဟလိုက်တဲ့ အခါမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖေဖေ့ရဲ့ အော်ဟစ်ပြောဆိုနေတဲ့ တစ်စုံတစ်ခုသော စကားတွေက ရပ်တန့်သွားစေခဲ့တယ် ။
" ကျွန်တော့်ရဲ့ ဇနီးလည်း အခုလို အဖေ့ကြောင့် အိမ်က ထွက်သွားတဲ့နေ့မှာပဲ jijiလေးနဲ့အတူ ကား accident ဖြစ်ပြီးဆုံးသွားခဲ့တာလေ အဲ့တာကြောင့် ကျွန်တော်လည်း ကိုးရီးယားကို အခြေမချတော့သလို့ jiji ကလည်း အတ္တတွေနဲ့ပြည့်နေတဲ့ ဒီစံအိမ်ကို စွန့်ခွာခဲ့တာ . . . အခု အဖေ့အနားမှာ ဘာမှမသိနားမလည်ပဲကျန်နေခဲ့တဲ့ Liliလေးအပေါ်မှာတောင် ဘာလို့အဲ့လောက် အတ္တတွေကြီးနေရတာလဲ တစ်ဘဝလုံး အဖေ့စိတ်တိုင်းကျနေလာခဲ့တဲ့ ကလေးပါ အချစ်ရေးကိုတော့ သူစိတ်တိုင်းကျဆုံးဖြတ်ပါစေ . . ကျွန်တော့်ဆန္ဒကတော့ Lili ကို သူချစ်တဲ့သူနဲ့ပဲ ရာသတ်ပန်အတူရှိသွားစေချင်တယ် "
ESTÁS LEYENDO
နွယ်ရှင်လို ... သူ
Fanficရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...