အဖြူရောင်လိုက်ကာစတွေ တစ်ဖက်တစ်ချက်စီကာရန်ထားပြီး လူတစ်ယောက်လှဲသာရုံ ကုတင်ကျဉ်းကျဉ်းမှာတော့ ချစ်ရသူဟာတိတ်ဆိတ်နေခဲ့တာ နာရီဝက်ခန့်ပင် ရှိလေပြီ ။
" jisoo ရယ် သတိရပါတော့ "
သူ့လက်အစုံကို ပါးမှာအပ်ရင်း ခပ်တိုးတိုးငြီးဆိုတော့ စိတ်ချင်းဆက်သွယ်သည့်အလား လက်ချောင်းသွယ်တို့ လှုပ်ရှားရင်း မျက်ခွံနှစ်လွှာဟာ ပွင့်ဟလာတယ် ။ ကိုယ့် ကမ္ဘာမှာပျောက်ကွယ်နေတဲ့ နေရောင်ခြည်ဟာ အမှောင်ထုကို ရုတ်တစ်ရက် ထိုးခွင်းပစ်သလိုမျိုး ၊ ပွင့်ဟလာတဲ့ သူ့မျက်ဝန်းညိုညိုတစ်စုံဟာ ခန္ဓာတစ်ခုလုံးကို နွေးထွေးစေတယ် ။
" jisoo ! ! "
သတိရချင်းပဲ အားယူကာ ထထိုင်ဖို့လုပ်နေတဲ့ သူ့ကြောင့် ပုခုံးနှစ်ဖက်ကိုကိုင်ရင်း ခပ်ဖွဖွထိန်းပေးလိုက်တယ် ။ မရင်းနှီးလေတဲ့ နေရာကို ဝေ့ဝဲကြည့်ရင်း ကိုယ့်ကို ပြန်ကြည့်လာနေတဲ့သူ့ကြောင့် မျက်ဝန်းတွေက မေးခွန်းကို ကိုယ်လက်တန်းဖက်နိုင်ခဲ့တယ် ။
" ဟုတ်တယ် . . ဆေးရုံရောက်နေတာ ဘယ်လိုဖြစ်ရတာလဲ ဘာဖြစ်လို့ရုတ်တရက်ကြီးလဲကျသွားရတာလဲ အရင်ကကော အခုလို ခနခနဖြစ်တက်လား "
ကုတင်နောက်ကျောကို လျော့ရဲရဲမှီရင်း လက်ကာပြတဲ့သူဟာ မေးခွန်းတွေများတာ မကြိုက်တဲ့ပုံပါပဲ ။ စိတ်ပူလွန်းလို့ ၊ နင်သတိမရလာတဲ့ နာရီဝက်လေးအတွင်းမှာ ငါ့ကမ္ဘာဟာ ဆောက်တည်ရာမဲ့လွန်းလို့ ၊ နင့်ကို အခုထက်ပိုပြီး ကရုစိုက်ပေးချင်လို့ . . . အဲ့တာကြောင့်မို့ အခုလိုမေးခွန်းတွေ တရစပ်ထွက်ကျလာတာပါလို့ပြောရင် သူဟာအေးစက်စက်မျက်ဝန်းတစ်စုံနဲ့ပဲ စိုက်ကြည့်နေဦးမှာ ။ ခံစားချက်တွေကို နားမလည်တက်သလိုမျိုးလေ ။
" ငါ ဆေးရုံကဆင်းချင်တယ် "
" ဆရာဝန်ကလည်း သတိရလာရင် ဆေးရုံဆင်းလို့ရပြီပြောထားတယ် . . . ငါ ဆေးရုံဆင်းဖို့သွားလုပ်လိုက်ဦးမယ် ခနနော် "
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...