တစ်ပတ်တိတိရှိသွားပြီ … ။ ကိုယ် သူ့နောက်ကို တကောက်ကောက်လိုက်နေခဲ့တာ တကယ့်ကို တစ်ပတ်တိတိ ရှိသွားခဲ့ပြီ ။ ကိုယ့် မာနတွေ အကုန်လုံးကို ခွာချပြီး ။ ကိုယ့် သိက္ခာတွေ အကုန်လုံးကို စွန့်ပစ်ပြီး ။ သူဆိုတဲ့ လူသားကို အရာအားလုံးထက် ပိုရွေးချယ်ပြီး ။
ဒါပေမယ့် ကိုယ်နောက်ဆုံးရလိုက်တာက အငြင်းခံလိုက်ရတာပဲ ။ အင်း … တကယ်တော့ Jennie Kim ရဲ့ဘဝမှာ Kim jisoo ဆီက အငြင်းခံရတယ် ဆိုတာ အထူးအဆန်းကိစ္စတောင်မဟုတ်တော့ဘူး ။ သူနဲ့တွေ့ပြီး ဒုတိယရက်မှာပဲ ကိုယ်ဟာ ယုံကြည့်မှုရှိရှိ သူ့ကို ဖွင့်ပြောခဲ့တယ် ။ အဲ့ဒီနေ့က စပြီးတွေ့တိုင်း အငြင်းခံရတာ ဒီနေအထိပဲဆိုပါတော့ ။
အခု ရင်ထဲမှာတော်တော်လေး ကသိကအောက်ဖြစ်နေတဲ့ ကိစ္စကတော့ အဲ့ဒီကိစ္စမဟုတ်ခဲ့ဘူး ။ အငြင်းခံရပေမယ့် ဇွဲမလျော့ခဲ့တဲ့ကိုယ်ဟာ ဒီဖြစ်ရပ်ကြောင့်တော့ မျှော်လင့်ချက် မရှိတော့သလို ခံစားလာရတယ် ။" အဲ့တာဆို သူက အချစ်ဦးကို အခုထိမမေ့နိုင်သေးတဲ့ သဘောပေါ့ "
တစ်ပတ်အတွင်းဟု ပြောထားလေသော ကိုယ့်စကားကြောင့် အကျိုးအကြောင်းသိချင်ကြသော သူငယ်ချင်းတစ်သိုက်နှင့် ကော်ဖီဆိုင်တွင် ဆုံကြခြင်း ။ Joy ရဲ့ မေးခွန်းသဖွယ် ကောက်ချက်ချမှုကို ကိုယ်ခေါင်းခါချင်ပါသော်လည်း လေးပင်စွာခေါင်းငြိမ့်ပြမိသည် ။
" ဟုတ်တယ် အဲ့ဒီမိန်းကလေးနဲ့ ကော်ဖီဆိုင်မှာ တွေ့ပြီးကတည်းက သူကမှိုင်နေတော့တာပဲ သူပြောပြသလောက်ဆိုရင်တော့ အဲ့ဒါက သူ့ရည်းစားဟောင်တဲ့ ပြတ်သွားကြတာက တော်တော်လေးကြာပြီဆိုပေမယ့် မကြာခန ဆက်သွယ်ဖြစ်တယ်တဲ့ "
" ဘာမှစိတ်ညစ်မနေပါနဲ့ဟာ မလွယ်ဘူးထင်ရင် လက်လျှော့လိုက် အလောင်းအစားရဲ့ ငွေကြေးကိစ္စက ငါ့တာဝန်သာထား ငါဖြေရှင်းပေးမယ် "
စိတ်သဘောထားကောင်းပြီး အဆင်အခြင်မရှိသုံးဖြုန်းနေတဲ့ သူဌေးသားလေး Kim Suho ကတော့ ကိုယ့်ကို နှစ်သိမ့်ရှာပါရဲ့ ။ ခတ်တာက အဲ့ဒီစကားကြီးကို မကြိုက်တာ ။ တကယ်ဆို မီးနီပြနေတဲ့ ဒီအခြေအနေမှာ သူ့ကိုတောင် ကျေးဇူးတင်ရမှာကို ။
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...