ep (16)

3.7K 319 34
                                    








    ခေါင်းကိုက်ခြင်းနှင့်အတူ အသိစိတ်တွေပြန်ဝင်တာတော့ ကိုယ့်မျက်နှာပေါ်ကို လေပြေတွေ ခပ်ဖြေးခဖြေးတိုက်ခတ်သွားတာခံစားရတယ် ။ မျက်ခွံတွေကို အားယူပြီးဖွင့်လိုက်တော့ အဖြူရောင် လိုက်ကာစတစ်ချို့ဝေ့ဝဲနေတာ မြင်ရတယ် ။ ပြီးတော့ . . . ။

      " ငယ်  "

      " သတိရပြီလား "

    သူက ကိုယ့်ပုခုံးတစ်ဖက်စွန်းက မွှေ့ယာပြင်မှာ လက်ထောက်ရင်း ကိုယ်ကို ကိုင်းမေးတယ် ။ ပုံမှန်မဟုတ်တဲ့ ခံစားမှုမျိုးနဲ့အတူ ဦးနှောက်ကို အလုပ်ပေးတော့ ရုတ်တစ်ရက် သတိရလာသည်က မင်္ဂလာပွဲ ။

    ကိုယ် ရုတ်တရက်ပဲ သူ့ကိုယ်ကို တွန်းရင်း ထထိုင်လိုက်တယ် ။ သူ့လက်ကိုဆွဲကိုင်လိုက်ရင်း လက်ကောက်ဝတ်က နာရီကိုကြည့်မိတော့ ၁၀ နာရီ ။ ဒါဟာ  မင်္ဂလာအခမ်းအနား စရမယ့်အချိန်လေ ။

      " နာရီကြည့်တာလား "

     သူ့လက်ကို ဆွဲကိုင်ထားတဲ့ ကိုယ်လက်တွေကို ပြန်လည်ဆုတ်ကိုင်ရင်း လက်ဖမိုးကို ခပ်ဖွဖွအနမ်းတွေလာအပ်တယ် ။ အခါတိုင်းထက် ပိုတောက်ပနေတဲ့ ထူးထူးခြားခြား သူ့အပြုံးတွေကို တကယ်နားမလည်နိုင်ဘူး ။

     မြန်မြန်ဆန်ဆန်ပဲ စောင်ကိုဆွဲဖယ်ရင်း ကုတင်ပေါ်က ထဖို့ပြင်ဆင်တော့ သူက ကိုယ့်လက်ကို ဆွဲလိုက်ရင်း ရင်ခွင်အတွင်းကို ပွေ့ဖက်တယ် ။

        " ဒါက ဘယ်လဲ "

        " ငယ် … အဲ့ဒီလို ကလေးမဆန်ပါနဲ့  မမပြန်မှ ရမယ်  နည်းနည်းတော့နောက်ကျနေပြီဆိုပေမယ့် … "

     သူ့ရင်ခွင်းအတွင်းမှာပဲ စကားတို့ဆိုရင်း ပတ်ဝန်းကျင်ကို ကြည့်မိတော့ ကိုယ့်စကားတို့စွန့်အကုန်ရတယ် ။ လိုက်ကာဖြူဖြူတွေရဲ့ တစ်ဖက်ခြားမှာ မြင်နေရတယ့် ကောင်းကင်ပြာပြာရယ် ၊ ပြီးတော့ အဆုံးမရှိတဲ့ ရေပြင်ကျယ်ရယ် ။ အနည်းငယ် လှုပ်နေတဲ့ အခြေချရာ ကြမ်းပြင်ရယ် … ။

        " ဒါ … ဒါက သင်္ဘောပေါ်မှာလား "

     သူ့ကို ဖွဖွတွန်းတော့ အလိုက်တသိပဲ လွှတ်ပေးလာတယ် ။ အနည်းငယ် ရှုပ်ပွနေတဲ့ ကိုယ့်ဆံနွယ်တွေကို သေချာဖိသပ်ပေးရင်း သူဟာ ခေါင်းငြိမ့်ပြတယ် ။ ကိုယ် သိလိုက်ပြီ ။ ဒါဟာ ကျောက်ချထားတဲ့ အပျော်စီး သင်္ဘောတစ်ခုပဲ ။

 နွယ်ရှင်လို ... သူ Where stories live. Discover now