အိပ်ရာပေါ်လှဲချလိုက်သည်ဆိုရင်ပဲ နေ့လည်က အကြောင်းကို စဉ်းစားမိရဲ့ … ။
" ဟင် ! ဒါက ဟိုတစ်ခါ ရန်ဖြစ်တဲ့တစ်ယောက်မဟုတ်လား "
" ဘယ်တုန်းကလဲ ? နင်က သူ့ကို သိလို့လား "
Chanyeol ရဲ့ အမေး ။ အဲ့ဒီနေ့က Club မှာ ရန်ဖြစ်သည့်တစ်ယောက်ဆိုတာတော့ အသေအချာပင် ။ သို့သော် သူမကလွဲ၍ မည်သူမျှ
မှတ်မိကြပုံမပေါ် ။" ဟင်း … ထားလိုက်ပါ မသိပါဘူး "
" နင်ကော လက်မခံဘူးလား "" ငြင်းလိုက်ရင် ကြောက်တယ်ထင်နေဦးမယ် သူအကြောင်း နည်းနည်းပြောပြ နားထောင်ပြီးမှ ဆုံးဖြတ်မယ် … ဘယ်လောက်တောင် ကြီးကျယ်ပြီး မြင့်မြတ်နေလို့လဲ "
" ငါသိရသလောက်တော့ သူက သာမန်ပါပဲ မိသားစုမရှိဘူး တစ်ယောက်တည်းနေတယ်ဆိုလား ပြီးတော့သူနေတာက ဆင်ခြေဖုန်းရပ်ကွက်မှာဆိုတော့ အဲ့ဒီရပ်ကွက်ထဲက မရှိဆင်းရဲတဲ့ သူတွေကို လူမိုက်တွေ အကြမ်းအရမ်းအကြွေးလာတောင်းတဲ့အခါ သူက ဝင်ဖိုက်ပေးတယ်တဲ့ မခေဘူးနော် အလုပ်အကိုင်ကတော့ အင်ဆာဒုံက လမ်းတွေပေါ်မှာ ပုံတူပန်ချီဆွဲတယ် တဲ့ "
" အဟွတ် … အဟွတ် "
သူ့အကြောင်း အပြည့်အစုံကြားအပြီးမှာတော့ သောက်လက်စရေပင် မျိုမကျတော့ ။ အဲ့ဒီလောက် ကျော့ရှင်းနေတဲ့ မျက်နှာလေးနဲ့ဆိုတော့ လုပ်ငန်းစုကြီးတစ်ခုခုရဲ့ ဆက်ခံသူလို့တောင် ထင်ထားမိတာ အမှန်ပင် ။
" ဟဲ့ … သာမန်တောင် မဟုတ်တော့ဘူး နုံချာနေတဲ့ အဆင့်တောင်ရောက်နေပြီ အလုပ်အကိုင်ကလည်း လမ်းပေါ်မှာ ပန်ချီဆွဲတာတဲ့လား "
Chanyeol စကားအဆုံးမှာ Ireneပြောလိုက်သော စကားကိုဖြင့် jennie ထောက်ခံရမလို ၊ မထောက်ခံရမလို ။ ဘယ်လိုဖြစ်လို့ သူမဟာ လူမိုက်တွေနဲ့ အထိတောင် ဖိုက်နေပါလိမ့် ။ လှပပြီး နန်းဆန်လွန်းတဲ့ မျက်နှာလေးနဲ့မှ မလိုက် အကြောက်အလန့် မရှိရန်ကော ။
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...