Lisa စိတ်ညစ်တာကြောင့် အိမ်မပြန်သေးပဲ Bar တစ်ခုမှာ ဝင်ထိုင်ဖြစ်တယ် ။ ကောင်တာက နေရာလွတ်မှာ ဝင်ထိုင်လိုက်ပေမယ့် အမှတ်မထင် ဘေးမှာ ထိုင်နေသူဟာ Jennie Kim ။
Jennie က Lisa ကို လှည့်ကြည့်ရင်း စိတ်ညစ်သလို ခေါင်းကို တစ်ချက်ထိုးဖွတယ် ။
" ကံမကောင်းလိုက်တာ တစ်နေကုန် မတွေ့ချင်တာတွေပဲ တွေ့နေရတယ် "
jennie ရဲ့ ငြီးငြူစကားကို Lisa ဘာမှ ပြန်မဆိုဖြစ် ။ ဘာစကားမှ မဆိုချင်လောက်အောင် စိတ်ညစ်နေတာကြောင့် ။
အချိန်အတော်ကြာသည်အထိလည်း ဘာစကားမျှ မဆိုဖြစ်ကြ ။ Jennie ကော Lisa ကော မသိလျှင် ပြိုင်သောက်နေကြသည့်အလား ။ နှောက်ကြည့်ရစ်သီလာတဲ့ ဦးခေါင်းနဲ့အတူ ပူလောင်ကာ တစ်ခုခုကို ပွင့်ထွက်ပစ်လိုက်ချင်သလို ခံစားချက်တွေနဲ့ နှစ်ယောက်လုံးဟာ တော်တော် မူးလာကြပြီ ။
" yarr … ကိုယ်ချစ်ရတဲ့ သူက တစ်ခြားတစ်ယောက်ကို ချစ်နေရင် ဘာလုပ်သင့်လဲ "
jennie ရဲ့ မေးခွန်းကြောင့် အရက်ခွက်ကိုပဲ စိုက်ကြည့်နေတယ့် Lisa မျက်ဝန်းတွေဟာ ပိုပြီးတော့ မှိုင်းညို့သွားတယ် ။
" မသိဘူး "
" တုံးလိုက်တာ "
အရက်တွေကိုပဲ အားကိုးရာတစ်ခုလို သောက်ဖြစ်နေကြတဲ့ နှစ်ယောက်သားဟာ တစ်ယောက်ကို တစ်ယောက်လှည့်မကြည့်ပဲ စကားတွေဆိုဖြစ်ကြတယ် ။ အရက်ခွက်တွေဟာ အများကြီး စိတ်ဝင်စားဖို့ကောင်းတယ် ။
" နင် … နင်ဟိုတစ်ယောက်နဲ့ မြန်မြန်လက်ထပ်လိုက်တော့ အဲ့တာဆို ကိစ္စအားလုံးရှင်းသွားမှာ အဲ့လိုဆို Jisoo လည်း ငါကိုပဲ ချစ်လာပြီး Minho နဲ့ Chaeလေးလည်း အဆင်ပြေ နင်နဲ့ သူနဲ့ကလည်း လိုက်ပါတယ် ဟ "
" ဘယ်သူ ? "
" ကျစ် ! စဉ်းစားစမ်း … နာမည်မေ့နေပြီ "
" ယုန်သွားနဲ့ တစ်ယောက်လေ … ဘာတဲ့ "
Lisa က jennie ပြောသမျှကို အသက်မဲ့သလို နားထောင်နေတယ် ။ အသံတွေကြားနေရပေမယ့် သူ့ဦးနှောက်ထဲတော့ ဝင်တစ်ချက် မဝင်တစ်ချက် ။ အရက်ခွက် အနားသတ်လေးကို လက်ညိုးဖြင့် ထိတို့နေရသည်ကို စိတ်ဝင်စားဟန် …
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...