ep (13)

3K 317 20
                                    




    ကိုယ်ရေချိုးနေတုန်းက အကောင်း ။ ပြသာနာက မမရေချိုးမှ  စလေသည် ။ အသေအချာပြောရလျှင် အတွင်းရေးမှူး နှင့် အလုပ်ကိစ္စလေး ခနတာ ဖုန်းပြောအပြီးမှာ စသည် ။ ဘယ်သူမှရှိမနေသော အခန်းအတွင်း ဘာမှလုပ်စရာမရှိတော့သော ကိုယ်ဟာ ရေချိုးခန်းထဲက ရေကျသံတွေပဲ ကြားနေရလေတယ် ။

    ရုတ်တစ်ရက် တစ်ကိုယ်လုံး အိုက်စပ်စပ်ဖြစ်လာတာကြောင့် အခန်းအတွင်းမှာ လမ်းလျှောက်တယ် ၊ အလုပ်ကိစ္စတွေ ပြန်စဉ်းစားတယ် ၊ ၁ ၂ ၃ ၄ ကို အခေါက်ခေါက်အခါခါ ရေတယ် ။

      " ကျစ် !  … ရူးတော့မှာပဲ "

    ဆံပင်တွေကို လက်ငါးချောင်းနဲ့ တစ်ချက်ထိုးဖွလိုက်ရင်း မြန်မြန်ပဲ ရေချိုးပြီးသွားဖို့ ဆုတောင်းမိတယ် ။ ဒါပေမယ့် ဒါဟာပိုကြီးမားတဲ့ ပြသာနာဆိုတာကို မိနစ်ပိုင်းအကြာမှာပဲ သိလိုက်ရတယ် ။

    အဖြူရောင်တံပတ်ရဲ့ ဖုံးကာနိုင်ခြင်းငှာ မစွမ်းတဲ့ ပုခုံးသားတစ်လျှောက်နဲ့ ခြေတန် ရှည်သွယ်သွယ်တွေဟာ ရေစက်တစ်ချို့ပင် တွဲခိုလို့ ။ ပြီးတော့ အဲ့ဒီ အရှင်းမခြောက်သေးတဲ့ ဆံပင်တွေ ။ အထင်းသားမြင်နေရတဲ့ သွားယားလောက်စရာ ညှပ်ရိုးတွေ ။

    ခပ်မြန်မြန်ပဲ အကြည့်တို့ကို အခန်းအတွင်းက တစ်ခြားတစ်နေရာကို လွှဲလိုက်တယ် ။ ထူးထူးခြားခြားပါပဲ ။ အာခေါင်တွေပါ ခြောက်လာတယ် ။ နဖူးစမှာတောင် ချွေးစို့လာတာကို ခံစားသိရှိမိတဲ့ အထိ ။

      " ငယ် … နေမကောင်းဘူးလား "

    မမက ကိုယ့်လက်တွေကို လာဆွဲလိုက်ရင်း ပါးပြင်ကို ခပ်ဖွဖွလာကိုင်တယ် ။ ရေစက်တွေနဲ့ အေးစက်နေတဲ့ လက်တွေကြား ကိုယ့်တစ်ကိုယ်လုံး ကျောက်ရုပ်လို တောင့်ခဲသွားရတယ် ။

      " မျက်နှာတွေလည်း ရဲလို့ "

   
     ကိုယ့်မျက်နှာပေါ်က bangsအောက်ကို လက်ချောင်းထိုးဝင်ရင်း နဖူးပြင်ကိုပါ လာစမ်းနေတဲ့ မမကြောင့် အသိဝိဥာဉ်ကို အားတင်းကာပြန်ဆွဲယူနေရတယ် ။ နီးကပ်လွန်းနေတဲ့ နှစ်ယောက်ကြားက အကွာအဝေးမှာ ကိုယ့်မျက်လုံးတွေကို ဘယ်အခြေချသင့်ပါလိမ့် ။

 နွယ်ရှင်လို ... သူ Where stories live. Discover now