" ဖေဖေကော ဘယ်လိုနေသေးလဲ "
ငယ့်အိမ်မှာပဲ ရှိနေခဲ့တာက တစ်ပတ်လောက်ရှိနေပြီး မမနဲ့ ဖုန်းဆက်သွယ်မေးမြန်းတိုင်း ဖေဖေဟာ စိတ်ဆိုးမပြေသေးပါဘူးတဲ့ ။ ကိုယ်အပြည့်အဝ နားလည်ပေးနိုင်ပါတယ် ။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ ဘယ်လောက်တောင် မျက်နှာပျက်ခဲ့ရမလဲဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်တာမို့ ။
" ငယ်က အခုတလော အလုပ်များနေတာ "
မမက နှစ်ယောက်သား ဖေဖေ့ကို လာတွေ့ဆုံပြီး တောင်းပန်ဖို့ ပြောလာတယ် ။ သူက တစ်ဇွတ်ထိုးလုပ်ပြီး ကိုယ်ပါအပြစ်တင်ခံရတာကိုတွေးမိတော့ မသိမသာ နှုတ်ခမ်းလေးစူရင်း အခြေချရာ မွေ့ယာပြင်ကိုပါ အကြောင်းမဲ့ သွားထုနေမိသေးတယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ်လည်း သွားတွေ့ဖို့ စိတ်ကူးထားပြီးသားပါပဲ ။ ဒီတိုင်းအကြာကြီးမတွေ့ပဲ နေရင် ဖေဖေက ပိုစိတ်ဆိုးသွားမှာ သိနေလို့ ။
" ဒီတစ်ပတ် ပိတ်ရက်ကျရင် . . . . "
" × × × × × ! ! ! "
ပိတ်ရက်အထိစောင့်မနေပဲ အလုပ်ရှိရင်တောင် ဖျက်လာခဲ့ပါဆိုပြီး အော်ပြောလာတဲ့ မမကြောင့် ဖုန်းလေးကို နားနဲ့ အဝေးမှာ ခွာထားမိတယ် ။ ငယ့်အကြောင်း ပြောလိုက်တာနဲ့ Jennie Kim ဆိုတာကလည်း ဒေါသထွက်ပြီးသားပဲ ။
" ဟုတ်ပါပြီ မမရယ် မနက်ဖြန်လာခဲ့ပါမယ် "
ဖုန်းချပြီး နာရီကို ကြည့်မိတော့ ည ၈ နာရီ ။ ငယ်ဟာ အခုချိန်ထိတောင် ကုမ္ပဏီက ပြန်မရောက်သေးပါဘူးတဲ့ ။ ကိုယ့်ဘက်ကလည်း သူ့ကို စကားစမပြောသလို သူဟာလည်း အလုပ်မှာပဲ တစ်နေကုန်ရှိနေတက်တာကြောင့် ဒီရက်ပိုင်းအတွင်း နှစ်ဦးသားဆက်ဆံရေးက ရေခဲရိုက်ထားသလို အေးစက်လို့ ။
ဘယ်လိုပဲ ကိုယ့်ဘက်က စပြီးစကားမပြောဘူးဆိုရင်တောင် အမှားလုပ်ထားတဲ့ သူကပဲ ကိုယ့်ကို စချော့သင့်တာ မဟုတ်လား ။ အခုတော့ ကုမ္ပဏီမှာပဲ အိမ်ပြောင်းနေတော့မတက် ကိုယ့်ကို ပစ်ထားလွန်းတဲ့ Lalisa ဟာ တစ်ချိန်က Park Chaeyoung ရဲ့ ငယ်မှ ဟုတ်ရဲ့လားလို့ တွေးယူရတဲ့အထိ ။
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...