" စိတ်မပူပါနဲ့ ကိုရယ် ရဲကိုလည်း အကြောင်းကြားထားပြီးပြီပဲ ရှာတွေ့မှာပါ "
မေမေကချော့မော့ကာပြောနေပေမယ့် ဦးလေးမျက်နှာက သေးသေးတောင် ရွှင်လန်းမလာ ။ သမီးတစ်ယောက်လုံး ရုတ်တစ်ရက်ပျောက်သွားတဲ့ ခံစားချက်က ဘယ်လိုတောင်ပူလောင်လိုက်မလဲ ။ ပျက်သွားတဲ့ မင်္ဂလာပွဲကြောင့်လည်း အရှက်တကွဲဖြစ်ခဲ့ရသေးတာမို့ ဒီနေ့ကတော့ တကယ့်ကို ပြသာဒါးပါပဲ ။
" မေမေ … ခနလောက်စကားပြောရအောင် "
ကိုယ့်စကားသံကြောင့် မေမေဟာ ဦလေးဘေးမှ ထလာရင်း ကိုယ်နဲ့အတူ မီးဖိုခန်းထဲကို လိုက်လာခဲ့တယ် ။ ရေအေးအေးတစ်ခွက်ကို လှမ်းပေးရင်း အရင်ဆုံးသောက်ဖို့ပြောတော့ မေမေကခွက်ကိုသာ လှမ်းယူရင်း မသောက်ပဲ မေးခွန်းတစ်ခုထုတ်လာတယ် ။
" သမီး တစ်ခုခုသိနေတယ်မလား … ခနက ခန်းမမှာလည်း ရဲကို အကြောင်းကြားဖို့လုပ်တော့ တားတယ် "
" အဲ့ဒီအကြောင်းပြောမလို့ပဲ မေမေ့ကို ဒီခေါ်တာပေါ့ "
" . . . . . . . . . "
" မေမေသိတဲ့အတိုင်းပဲ ကားပါကင်မှာ Chae ကားရှိတယ်လေ မင်္ဂလာပွဲစခါနီးအထိ Chae ရောက်မလာလို့ အဲ့တုန်းက အပြင်ထွက်ပြီး တစ်ချက်ရှာကြည့်သေးတယ် Chae ကားနဲ့ မလှမ်းမကမ်းမှာပဲ Chae ရဲ့ Wedding dress ထည့်ထားတဲ့အိတ်က အောက်မှာ ပြုတ်ကျနေတာ အဲ့တာကြောင့် အဲ့ဒီနေရာရဲ့ CCTV ကို တစ်ချက်စစ်ကြည့်တော့ … … "
" စစ်ကြည့်တော့ ဘာဖြစ်တာလဲ ? "
ရပ်တန့်သွားတဲ့ ကိုယ့်စကားကြောင့် မေမေက စိတ်ဝင်တစား ဆက်ပြောဖို့ဆိုလာတယ် ။ သက်ပြင်းဖွဖွသာ ချရင်းမေမေ့လက်ထဲက ရေကို ယူသောက်လိုက်တယ် ။ မပြောလို့ ပြီးသွားမယ့် ကိစ္စမှ မဟုတ်ပဲ ။
" မေမေတို့ ထင်နေသလို ပြန်ပေးဆွဲခံရတာမျိုး မဟုတ်ပဲ Lisa က ခေါ်သွားတာပါ "
" ဘယ် … ဘယ်လို ? ဘာဖြစ်လို့ . . . ခေါ်သွားရတာလဲ "
" ရှင်းရှင်းလေးပဲလေ မေမေရယ် Minho နဲ့ လက်မထပ်စေချင်လို့ပေါ့ Chaeကို ခေါ်သွားတယ်ဆိုတာထက် Chae ကို အပိုင်သိမ်းသွားတယ်လို့ပြောရင် ပိုမှန်မှာ "
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...