ep (3)

3.5K 341 8
                                    

ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်ရင်း မမ ပြောတဲ့စကားကို ပြန်ကြားယောင်မိတော့ သွေးခုန်နှုန်းက နှစ်ဆစောင့်တိုးရဲ့ ။

" အာ ... အဲ့တာက ... ဟို သူငယ်ချင်းလေ သူငယ်ချင်း ... နေမကောင်းလို့တဲ့ လှမ်းဖုန်းဆက်ခေါ်လို့ "

အဟက် ... ။ လိမ်တယ်ပေါ့လေ ။

" တောက် ! "

ယောက်ျားတစ်ယောက်အတွက်နဲ့ပါတဲ့ ။ ယောက်ျားတစ်ယောက်အတွက်နဲ့ ကိုယ့်ကို လျစ်လျုရှု့တယ် ။ ကိုယ့်ကို လိမ်ညာတယ် ။ အမြဲတမ်းကိုယ့်ကို ဦးစားပေးခဲ့တဲ့သူက ။ ကိုယ်တစ်ယောက်တည်းကိုပဲ ကြည့်ခဲ့တဲ့သူက ။ ခံရခက်လွန်းတယ် ။ အဲ့ဒီယောက်ျားက ဘယ်လောက်များကြီးကျယ်ခမ်းနားလွန်းနေလို့လဲ ။ တစ်သက်လုံးက ကိုယ့်အပိုင်ဖြစ်လာတဲ့ လူသားကို အခုမှ ဘယ်ကပေါ်လာမှန်းမသိတဲ့သူက လုယူမတဲ့လား ။ ကိုယ်ဟာ အဲ့ဒီသူဆီမှာ မမကို ဆုံးရှုံးရမှာလား ။

" ကျွီ ! "

ကားကို ဘေးသို့ထိုးရပ်ရင်း ခေါင်းကို တွင်တွင်ခါရမ်းပစ်လိုက်၏ ။ စိုးရိမ်လွန်နေတာပါ ။ ကိုယ်ဟာ မမနဲ့ ပတ်သတ်ရင် အထိအရှ လွယ်သူမို့ စိုးရိမ်လွန်နေတာ ။ အခုထိ ကိုယ်တစ်ယောက်တည်းရဲ့ မူပိုင်မဟုတ်ဘူးဆိုရင်တောင် တစ်ချိန်မှာ ကျိမ်းသေး ပိုင်ဆိုင်ရမှာ ။ ဘုရားသခင်က တံဆိပ်ခပ်မပေးရင်တောင် ကိုယ်တိုင် တံဆိပ်ခပ်မှာ ။ ဖူးစာမပါရင်တောင် ရအောင်ယူမှာ ။

" ဟူး . . . ."

သက်ပြင်းခပ်ဖွဖွချရင်းသာ စိတ်ကို အတက်နိုင်ဆုံးဖြေလျှော့မိသည် ။ ဒီအတိုင်းသာ ကားဆက်မောင်းရင် ကိုယ်သာ သေရချည်ရဲ့ ။

*****************

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဖေဖေ နှင့် မေမေလေးက အိမ်ဧည့်ခန်းမှာ ထိုင်လို့ ။

" ပြန်ရောက်ပါပြီ "

" နောက်ကျလိုက်တာ Chae လေးရယ် "

မေမေလေး ၏ စိုးရိမ်စကား ...

" ဟုတ် ပင်ပန်းနေလို့ သမီးအပေါ်တက်တော့မယ်နော် "

မေမေလေး ! ဟုတ်တာပေါ့ ။ ဖေဖေရဲ့ နောက်အိမ်ထောင် ။ မိထွေးလို့တောင် မထင်ရလောက်အောင် နွေးထွေးသူမို့ မေမေလေး လို့သာ Chae ငယ်ငယ်ကတည်းက သုံးနှုန်းနေကျ ။ အခန်းထဲသို့ ဝင်လိုက်တော့ အပေါ်တက်ကတည်းက အနောက်က လိုက်လာသော မမက သူ့အခန်းသူ မဝင်ပဲ Chaeအခန်းအထိ လိုက်လာသည်မို့

 နွယ်ရှင်လို ... သူ Where stories live. Discover now