အခန်း (၁၀) အလန်နာ လန်းစ်

11K 1.5K 28
                                    

ရှရီဟာ ဂါနီရဲ့ခါးကို ထိန်းပွေ့ပြီး သူမရဲ့ စွမ်းအားကိုသုံးကာ ခပ်မြန်မြန်အရှိန်တင်ပြီး အိမ်ကို ပြန်သွားခဲ့တော့တယ်။ အသေအချာပဲ သူမက အိန်ဂျလို၊ ဂျက်နဲ့ သူတို့လူတွေအားလုံးကို နောက်မှာလျစ်လျူရှု ချန်ထားခဲ့ပြီးပေါ့။

သူတို့တွေ မြန်မြန်ဆန်ဆန်ပျောက်သွားတဲ့ Sheri တို့ကို ပြန်ရှာလို့မတွေ့ချိန်မှာတော့..ဂျက်က အိန်ဂျလိုဆီကို လျှောက်သွားလိုက်၏။သူ့ပါးစပ်တွေကတော့ မိုးပေါ်ပျံတက်နေအောင် အထက်ကို ကော့ညွှတ်လို့။ အိန်ဂျလိုရဲ့ စိတ်ကို ဘယ်လိုမရိုးမယွဖြစ်အောင် စွပေးရမလဲဆိုတာ သိနေတဲ့ အကြံဆိုးကြီးဖြင့် သူက..

"အိုး..ဝါး..မြန်ချက်...အဲ့ဒါ မင်း မိန်းမလေးမဟုတ်လား မိုက်တယ်နော် အထူးသဖြင့် သူ့ဘေးက မိန်းကလေးကော"

စကားဖြင့်သူက အိန်ဂျလိုကို စွလိုက်ရင်း သူ့စိတ်ထဲတော့ ခုနက သူ့လက်ကို လောင်ကျွမ်းအောင် လုပ်ကြံသွားသည့် မိန်းမလေး၏ အပြုံးကို သတိရလိုက်သေးသည်။

"အွတ်..အ.အ.သေပါပြီ..
ငါ့လက်! ငါ့ဒဏ်ရာရနေတဲ့ လက်လေး "

အိန်ဂျလိုက ဂျက်ရဲ့ ဒဏ်ရာရနေတဲ့ လက်တွေကို ဖိအုပ်ပြီးညှစ်ကိုင်လိုက်တာမို့ ဂျက်တစ်ယောက် နာလွန်းလို့အော်နေခဲ့သည်။

"မင်း စဉ်းတောင် မစဉ်းစားနဲ့ "

အိန်ဂျလိုက ရှရီထွက်ရာ လမ်းကြောင်းဘက်ကို ကြည့်ငေးရင်းဖြင့် ဂျက်ကိုသတိပေးလိုက်၏။ ပြောရတာမဟုတ်၊ ဂျက်က ငပွေးဆိုတဲ့ ဂုဏ်ပုဒ်ကို အလကားရထားသူမဟုတ်။

ဂျက်ကတော့ အိန်ဂျလိုလွှတ်ပေးလိုက်သော သူ့လက်လေးကို လေနဲ့တစ်ဖူးဖူးမှုပ်နေခဲ့သည်။ စိတ်အတွင်းမှာတော့ {'ငါက ဒါလေး စနောက်မိတာကို '} ၊ နူတ်ကနေတော့ ထိုစကားကို သူထုတ်ပြီး မပြောရဲပါချေ။

အိန်ဂျလိုက သူ့လူတွေကို ပြန်စုဆည်းစေပြီး သူတို့ရဲတိုက်ဆီ ပြန်လာကြတော့သည်။ ဂျက်က ဂါနီပစ်ပေးခဲ့သည့် နာရီအပိုင်းလေး (ဟန်းချိန်းလေးနဲ့နည်းနည်းဆင်တယ်) ကို သေသေချာ ကိုင်တွယ်၍ ကောက်ယူခဲ့လေသည်။

အိန်ဂျလိုက ရဲတိုက်သို့ ပြန်ရောက်တာနှင့် သူလုပ်သည့်အရာဆိုလို့ အဲ့ဒါကရှရီအကြောင်း ထိုင်တွေးနေတာပင်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now