အခန်း (၁၄) အလန်နာ လန်းစ်

11.1K 1.5K 51
                                    

ရှရီအိမ်သို့ ပြန်ရောက်လာပြီးနောက် နောက်ဆုံးမှာ အားဖြည့်ချိန်ရောက်ပြီလို့ တွေးလိုက်၏။ ခန္ဓာကိုယ်ချည်းသက်သက် တိုက်ခိုက်ခဲ့သည်မို့ သူမအနည်းငယ်နွမ်းနယ်မှုကို ခံစားနေရ၏။ အထူးသဖြင့် သွေးနဲ့ မည်သည့်အစားအစာမှ မစားထားရသေးသော ယခုလိုအချိန်မှာ ပိုသိသာလေသည်။ ထို့ကြောင့် ရောက်ရောက်ချင်းပင် သွေးဖျော်ရည်ကို သောက်သုံးနေခဲ့၏။

ရုတ်တရက် သူမအနီး လေတစ်ချက်ဝေ့သွားသည်ဟု ခံစားလိုက်ရ၍ ကြည့်မိတော့ သူမကို အရှေ့တည့်တည့်ကနေ ရပ်ကြည့်နေသည့် အိန်ဂျလို ကိုတွေ့လိုက်ရ၏။

{'အမ်...ငါတံခါးတွေသေချာ လော့ခ်ချထားပါတယ်၊ ဒီလူကဘယ်လို အထဲရောက်လာတာလဲ..?'}

ရှရီမျက်မှောင်ကျုံပြီး စဉ်းစားသော်လည်း ထိုလူမည်သို့ ဝင်လာလိုက်မှန်း မသိချေ။ ရှရီ သူမအတွေးတွေဖြင့် ဝိယောဓိဖြစ်နေချိန်မှာတော့ အိန်ဂျလိုက စကားစပြောလာ၏။ သူ့ကြည့်ရသည်မှာ ရောက်ကတည်းပြောလိုဟန်...မေးလိုဟန်ပင်။

"မင်း အဆင်ပြေရဲ့လား..?၊ သူတို့မင်းကို တစ်ခုခုလုပ်လိုက်ကြသေးလား..?! မင်း ထိခိုက်သွားသေးလား..?! "

သူ့အသံမှာ ကြင်နာမှုအပြည့်ပါဝင်နေသည်။ မေးခွန်းတွေကသာ အဆက်မပြတ်ထွက်လာသည်မဟုတ် လူကိုယ်တိုင်လဲ ရှရီ၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ကို ဖြန့်ကျက်ကြည့်ကာ စစ်ဆေးနေလေသည်။

ရွှင်လန်းနေတဲ့ ရှရီမျက်နှာလေးဟာ လေးနက်တည်ကြည်သွားခဲ့၏။ သူမက သောက်လို့ ကုန်သွားသည့် ဖန်ခွက်ကို မီးဖိုချောင်ကောင်တာပေါ် တင်လိုက်ရင်း လက်တွေကို ပိုက်လိုက်၏။

"ဘယ်သူ့ကို လာဂရုစိုက်ပြနေတာလဲ..?! ထွက်သွားလိုက်တော့..! ကျမမှာ ရှင့်အတွက် အချိန်မရှိဘူး"

ရှရီက ပြတ်သားစွာပင် နှင်ထုတ်လိုက်သည်။

အိန်ဂျလို, ကတော့ ရှရီတစ်ကိုယ်လုံးကို ခြေမကနေခေါင်းအထိ စကင်(Scan) ဖတ်နေသည့်အလား သူမထိခိုက်ထားတာ ရှိမရှိ ခပ်စူးစူးမျက်ဝန်းတွေဖြင့် စစ်ဆေးနေခဲ့သည်။

သူမကို လုပ်ကြံသူတွေခေါ်သွားသည်ဟု သူ့လူတစ်ယောက်က သတင်းပို့ချိန်မှာ သူသိလိုက်ရတုန်းက အလွန်စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ သူမကို မကယ်တင်ခဲ့ပဲ ပြန်လာသည့်သူ့လူကို ထိုသို့လုပ်ရကောင်းလားဆိုကာ သူကိုယ်တိုင်သတ်မိတော့မလိုတောင် ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် သူကိုယ်တိုင်ရော၊ သူ့လူတွေရော ရှော့ရကုန်ကြသည်။ အိန်ဂျလိုဆိုသည်မှာ ဘယ်သောအခါမှ သူ့မိန်းမကို ဂရုစိုက်လေ့ရှိသူမဟုတ်ဟု အကုန်လုံးက သိထားကြသည်မဟုတ်လား။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now