အခန်း (၂၈) အလန်နာ လန်းစ်

11.3K 1.4K 102
                                    

Angelo ရဲ့နှလုံးသားဟာ အလွန်တရာကို နာကျင်ခံစားနေရသည်။ သူပြုမိခဲ့တဲ့အပြစ်တွေအတွက် ပေးဆပ်ဖို့ အသင့်ဖြစ်နေချိန်မှာ သူမကသူ့ကိုချန်ထားခဲ့ပြီ။ သူဟာ သူတကယ်ချစ်တဲ့သူကို တွေ့ချိန်နောက်ကျခဲ့တယ်။ ယခုတော့ သူ့တွင် သူမ၏ခွင့်လွှတ်ပေးမှုကိုတောင် မရလိုက်ပေဘူး။ မျက်ရည်တွေဟာ သူ့ပါးပြင်ပေါ် စီးကျလာကြသည်။ သူအံကြိတ်ကာထိန်းပေမဲ့ မရတော့။ ဒီလိုဆုံးရှုံးခဲ့ရတာ သူကြုံတွေ့ဘူးနေသလို ခံစားချက်က ပိုဆိုးစေသည်။ သူမလေး သူ့ကိုထားပြီး ထွက်မသွားနိုင်စေဖို့ သူဘယ်လိုရပ်တန့်ရမလဲ...?

အိန်ဂျလို နှလုံးကွဲကြေလျက် ငိုကြွေးနေသလို လောရန့်ပုံစံဟာလည်း ဇွန်ဘီးတစ်ကောင်လို ကြောက်စရာကောင်းနေခဲ့သည်။ သူ့မျှော်လင့်ချက်တွေ ပျောက်ကုန်ပြီ။ အလန်နာ..! သူချစ်တဲ့မိန်းကလေးက သူ့မျက်စိရှေ့မှာ ပျောက်ကွယ်သွားခဲ့ပြီ၊ သူမဟာ တစ်ခါမျှ မတည်ရှိဘူးသလို အခိုးအငွေ့အဖြစ် ချက်ချင်း ပျောက်ကွယ်သွားတော့တာ။

သူမကို ချစ်ခင်ကြသူအားလုံးဟာ ပူဆွေးသောကရောက်လျက်၊ ဝမ်းနည်းငိုကြွေးနေခဲ့ကြတော့သည်။

***********

Sheri သေဆုံးမှု ဂယက်ရိုက်ခတ်ပြီးနောက် လအနည်းငယ်ကုန်လွန်ပြီးနောက်.....

အလန်နာ၏ မိဘများအခြေအနေကလည်း သိပ်မကောင်းချေ။ သူတို့မှာ သမီးလေးတစ်ဦးသာ ရှိခဲ့တာ မဟုတ်လား။ သူတို့သူမကို အကောင်းဆုံးတွေသာပေးဖို့ ဆန္ဒတွေရှိခဲ့သည်။ သူတို့နှင့်အတူ အချိန်အကြာကြီးရှိလိုလှပေမဲ့ သူတို့သမီးကတော့ သူတို့အား ချန်ထားပြီး အရင်ထွက်ခွာသွားခဲ့လေပြီ။

ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်အပြီး အချိန်ကား တစ်နှစ်ဆိုသောကာလ....ကုန်လွန်လာခဲ့ပြီ

အလန်နာ၏ မိဘတွေဟာ Coven ကမ္ဘာနှင့်အဝေးမှာ ပြောင်းရွေ့နေထိုင်သွားကြသည်။ သူတို့က လောကီကိစ္စတွေ ပါဝင်ပတ်သက်ခြင်းမရှိသည့် သီြးားရပ်ဝန်းတစ်ခုမှာ သူတို့ရှာ၍ပင်မရအောင် မြိုပ်နှံနေထိုင်လိုက်ကြသည်။

Ghani ၏ စိတ်ထိခိုက်ကြေကွဲရမှုကလည်း မသေးပေ။ သူမ၏ ကြေကွဲနေသာ စိတ်ဒဏ်ရာကို ဂျက်က သူ၏အကြင်နာတွေဖြင့် ဖေးမကုစားလျက်၊ အနီးကပ်အမြဲ စောင့်ကြည့်ထိန်းပွေ့နေခဲ့၏။ အလန်နာနှင့် ဂါနီဆိုသည်မှာ အမြွှာညီအမအလား နေထိုင်ခဲ့ကြသူတွေဖြစ်သည်။ ယခုတော့ ဂါနီမှာ သူမ၏ အခြားတစ်ခြမ်းပျောက်သွားသလို ခံစားနေရသည်။ ဘာနှင့်မှ အစားထိုးမရသော သူမ၏တစ်ခြမ်း။ ဂါနီဟာ ပထမဆုံးသော လူသားအဖြစ်မှ ဗန်ပိုင်းယားတစ်ကောင်အဖြစ် အောင်မြင်စွာရောက်ရှိခဲ့သည့် သာဓကပြစရာ မှတ်တိုင်တစ်ခုဖြစ်လာခဲ့သည်။ သူမဟာ လူသားဗန်ပိုင်းယားတစ်ဦး ဖြစ်လာ၏။ အဓိပ္ပါယ်ကတော့ သူမဟာ ဗန်ပိုင်းယားစစ်စစ်ဖြစ်သည့် ဂျက်လိုပဲစွမ်းဆောင်ရည်တွေ ရလာပြီလို့ဆိုလိုတာဖြစ်သည်။ တနည်းကြည့်လျှင် သူတို့နှစ်ဦး၏ သက်တမ်းတွေဟာလည်း ထပ်တူသက်တမ်းစေ့ အတူတူနေနိုင်ကြပြီ။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now