ကတ်သရင်း တစ်စိမ့်စိမ့်တွေးနေခဲ့၏။ ဘာလို့ အရာအားလုံး ဒီလိုဖြစ်သွားရတာလဲ..? ၊ အိန်ဂျလိုဆိုတာ သူမကို အမြဲတမ်းကြိုဆိုနေကြမဟုတ်လား။ သူမ ရွေးချယ်ခဲ့သည့် Luis က သူမကို အပြစ်ရှာရင်တောင် အိန်ဂျလိုက အမြဲသူမဘက်ကရပ်တည်ခဲ့တဲ့သူ။ ဘာက ဒီလိုဖြစ်စေတာလဲ..? ၊ သူမခေါင်းအတွင်း၌ Why... အနောက်မှ ? တွေ အများကြီး တန်းစီတွေးကာ မေးနေခဲ့၏။
-----------×------------×----------
နံနက်မိုးသောက် ခပ်စောစောအချိန်....
"ဒေါက် ...ဒေါက်"
Sheri ဟာ သူမ၏ အိမ်တံခါးဆီမှ ခပ်သာသာတံခါးခေါက်သံကြောင့် အိပ်ရာနိုးလာရ၏။
အချိန်က ပုံမှန် ဂါနီတစ်ယောက် Sheri အိမ်ကိုလာနေကျအချိန်ပင်။ Sheri ဟာ ဂါနီ အိမ်တံခါးသော့ မေ့နေခဲ့၍ တံခါးခေါက်နေသည်ဟု ထင်လိုက်လေသည်။
အလန်နာက ဗန်ပိုင်းယား တစ်ကောင်မို့ ညဘက်တွေ အိပ်စက်ရန်မလိုချေ။ သို့သော် အလန်နာကိုယ်အတွင်းရှိ Sheri ကတော့ လူသားဖြစ်သည်မို့ အိမ်ကလေးမှာ သူမတစ်ဦးထဲ နေထိုင်ချိန်တွေမှာတော့ လူသားတစ်ဦးလို ပြုမူနေထိုင်လေ့ရှိသည်။ Sheri က အိပ်ရာပေါ်လှဲပြီး စာအုပ်ဖတ်နေရသည်ကို အလွန်နှစ်ခြိုက်သူဖြစ်သည်။ အိပ်စက်ဖို့ ပင်ပန်းနေရရင်တောင် သူမက ရအောင် အိပ်နိုင်သူလေးပင်။
တံခါးခေါက်သံကြားချိန်မှာ Sheri အပြည့်အဝမနိုးသေးချေ။ မျက်လုံးတွေ မဖွင့်သေးပဲ တံခါးဆီ ခပ်တည်တည်သွားကာ ဖွင့်ပေးလိုက်၏။ အိမ်တံခါးအရှေ့ရပ်နေသူက မည်သူမည်ဝါကိုပင် သူမ၏မျက်လုံးတွေ ဖွင့်၍မကြည့်ဖြစ်သေးချေ။
ရှရီ တံခါးဆွဲဖွင့်လိုက်ချိန်မှာ အရှေ့မှာရပ်နေသူက Laurence ဖြစ်သည်။ သူက လက်အတွင်း၌ ခြင်းအသေးလေးတစ်ခု ကိုင်ထားလျက် ရှရီ၏ အိမ်တံခါးရှေ့ရပ်နေခဲ့တာပင်။ ရုတ်တရက် သူ့အရှေ့သို့ ညအိပ်ဝတ်စုံ ပိုးထည်အိစက်စက် ဂါဝန်လေးနှင့် နတ်သမီးလေးကို မြင်လိုက်ရသည်မို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။
STAI LEGGENDO
3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)
Storie d'amore- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...