အခန်း (၁၈) အလန်နာ လန်းစ်

10.9K 1.3K 33
                                    

ရှရီမှာ အေးစက်စက်စကားသံကို နားအနီးမှာ ကြားလိုက်ရသည့်ခန နောက်ကျောတွင် ချမ်းစိမ့်စိမ့်ခံစားလိုက်ရသည်။ သူမကိုယ်အတွင်းရှိ သွေးတွေ၌ အကြောက်တရားတွေ စီးဆင်းသွားရ၏။ ထိုခံစားချက်က Eric ကို သူမကြောက်နေသည့် ခံစားချက်နှင့် ဆင်တူသည်။

သူမမည်သို့မျှမတုံပြန်နိုင်ချိန်မှာ အိန်ဂျလို၏ အနီရောင် မျက်ဝန်းတွေက မူလရွှေရောင်အနေအထားသို့ ပြန်ရောက်သွားကြ၏။

"မင်းက ကိုယ့်အပိုင်ပဲ ! မင်းကိုပိုင်ရဖို့ ကိုယ် ဘာမဆိုလုပ်ဖို့လိုရင် လုပ်ရမှာပဲ၊ ဒါ့ကြောင့် ကိုယ့်စကားတွေကို မှတ်ထားပါ! ကိုယ့်ကို အကြာကြီး မပိုးပန်းရစေနဲ့ ! နောက်ထပ် အဲ့လိုစာရွက်စုတ်တွေ ထပ်မြင်ရရင် အကုန်မီးတိုက်ပစ်မယ်"

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"မင်းက ကိုယ့်အပိုင်ပဲ ! မင်းကိုပိုင်ရဖို့ ကိုယ် ဘာမဆိုလုပ်ဖို့လိုရင် လုပ်ရမှာပဲ၊ ဒါ့ကြောင့် ကိုယ့်စကားတွေကို မှတ်ထားပါ! ကိုယ့်ကို အကြာကြီး မပိုးပန်းရစေနဲ့ ! နောက်ထပ် အဲ့လိုစာရွက်စုတ်တွေ ထပ်မြင်ရရင် အကုန်မီးတိုက်ပစ်မယ်"

သူ့အသံတွင် ဒေါသလှိုင်းများ အပြည့်ပါဝင်နေသလို သြဇာညောင်းလှသည့် စွမ်းအားတွေလည်း ရှိနေခဲ့၏။

"အခု ကိုယ့်ဇနီးလေး ..! မင်းလေး ထွက်ပြေးဖို့လဲ မစဉ်းစားနဲ့ ၊ ပုန်းနေဖို့လဲ မကြိုးစားနဲ့တော့နော်..! ဟုတ်ပလား"

ထိုစကားတွေကိုတော့ သူက နူ့ညံ့ချိုသာသည့်အသံဖြင့် ပြောလာတာဖြစ်သည်။ သို့သော် ထိုချိုသာလွန်းနေတာပဲ အန္တရာယ်အကြီးစား၊ အမြင့်စားအမှတ်လို့ အချက်ပေးနေသယောင်..!

ရှရီမှာ သူ၏နောက်ဆုံးသတိပေးစကားမှာ အေးခဲသွားရလေ၏။ ဒီလူက သူမရန်စလို့မရသည့်လူ၊ သူပြောသလို လုပ်မည့်သူပင်။ အန္တာရယ်သိပ်ကြီးတယ်။

အိန်ဂျလိုက ရှရီအနီးကို တိုးကပ်ကာ သူ့မျက်နှာကို ငုံ့ကိုင်းချလိုက်၏။ ရှရီ၏ နူ့ညံ့လှပသည့် ပန်းချယ်ရီရောင် နှုတ်ခမ်းလေးတွေကို သူကကြင်နာစွာ ထိကပ်နမ်းလိုက်သည်။ ပြီးနောက် သူက သူမနားထဲသို့ ကြင်ကြင်နာနာဖြင့် ခပ်တိုးတိုး စကားတစ်ခွန်းကို ပြောလိုက်၏။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Tempat cerita menjadi hidup. Temukan sekarang