အခန်း (၆) အလန်နာ လန်းစ်

11.2K 1.4K 72
                                    

ထိုတစ်လတာရက်တွေမှာ အလန်နာအိမ်တော် က လူအားလုံးဟာ အလုပ်များနေကြသည်။ အစိုးရဘက်က အိမ်အရောင်းအဝယ် တာဝန်ခံက Sheri ရဲ့အိမ်အတွင်းအပြင်နဲ့ ပရိဘောဂတွေကို လာရောက် ကြည့်ရှုလေသည်။ Sheri ဟာ သူမယောင်္ကျားနှင့် အဆက်စပ်မရှိသူထံသာ အိမ်ကိုရောင်းချလိုသည်။

ထို့ကြောင့် သူမက သေချာဖို့ ၂ ရက်လောက်တော့ အချိန်ယူလိုက်ရသည်။ အဲ့ဒီနောက် သူမတို့ ဈေးစကားပြောကြသည်။ အိမ်ရောင်းဈေးကိုတော့ Sheri က မူလကမ္ဘာက သူမ၏ အသိဥာဏ်ကိုသာ သုံး၍ဈေးဆိုခဲ့သည်။ Sheri ၏ အိမ်ရောင်းဈေးကို ကြားအပြီး အစိုးရတာဝန်ခံမှာ ကျက်သေသေဖြစ်သွားခဲ့၏။ သူတို့နှစ်ဦးနှစ်ဖက် ပြေလည်မည့်ဈေးကို ညှိနှိုင်းအပြီးတွင်တော့ စိတ်ကျေနပ်စေသည့် ငွေအမောင့်တစ်ခုရကာ ပြေလည်သွားလေသည်။

Sheri ဟာ လက်ရှိအိမ်ကို ရောင်းလက်စ စကားပြောရင်း ထိုတာဝန်ခံမှတဆင့် စားသောက်ဆိုင်ဖွင့်၍ ကောင်းသည့်နေရာနှင့် အိမ်အသေးလေးဆောက်လုပ်ရန် နေရာကိုပါ တစ်လက်စထဲ မေးမြန်းခဲ့သည်။ အိမ်အရောင်းအဝယ် ကိစ္စအပေါ်မှာ Sheri ၏လုပ်ရပ်ကို အမြင်ကောင်းရှိနေခဲ့သည့် ထိုအစိုးရတာဝန်ခံက သူမကို စိတ်ကျေနပ်စေသည့် နေရာကောင်းများကို လမ်းညွှန်ပေးခဲ့လေသည်။

Sheri ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်သိမ်းနေစဉ်မှာ Ghani က ခရီးဆောင်အိတ် အချို့ နဲ့ ဂျပ်ပုံးတစ်ခုကို သယ်လာလေသည်။

"သခင်မလေး Angelo ရဲ့ပစ္စည်းတွေကို ဘာလုပ်သင့်လဲ..?"

Sheri ဟာ တစ်ချက်လှမ်းကြည့်လိုက်မိ၏။ အဲ့ဒါနဲ့ပတ်သက်ပြီး သူမမှာ ကြိုတင်တွေးထားခြင်း မရှိ။

"ခနထားလိုက် ! ငါ တစ်ချက်စစ်ကြည့်လိုက်မယ်"

Ghani ထားသွားခဲ့သည့် Angelo ၏ ပစ္စည်းတွေကို စစ်ကြည့်လိုက်တော့ ထိုအရာတွေက အမှိုက်သာသာတွေပင်။ စာရွက်စာတမ်းတွေနဲ့ အိုဟောင်းနေတဲ့ စာရွက်တွေသာ။ အသုံးဝင်သည့်အရာနှင့် အရေးပါသည့် အကြောင်းအရာတွေ မဟုတ်ချေ။ ပြီးတော့ အဝတ်အစားအိတ်က ၂ အိတ်။

"အားလုံးပစ်လိုက်တော့၊ ငါ့မှန်းတာမမှားရင် သူဒီမှာ မနေတော့ဘူးလို့ စဉ်းစားကတည်းက အရေးကြီးစာရွက်စာတမ်းလည်း ထားခဲ့မှာ မဟုတ်ဘူး၊ သူ့အဝတ်တွေကိုတော့ လိုချင်တဲ့သူ ကိုသာ ပေးပစ်လိုက်တော့"

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Tempat cerita menjadi hidup. Temukan sekarang