တချိန်ထဲမှာပဲ ရှရီဟာ အိမ်လေးထဲက အရာဝတ္ထုတိုင်းကို လိုက်ထိတို့နေခဲ့တယ်။ သူမက မျက်လုံးဒေါင့်ဆီမှ သူမ၏လည်ဆွဲလေးကို တွေ့လိုက်ရ၏။ လည်ဆွဲလေးက ချက်လက်မှတ်ဘေးမှာရှိနေခဲ့သည်။ ရှရီဟာ အဲ့ဒီစားပွဲဆီသွားလိုက်ပြီး ကိုင်ရွေ့ကြည့်၏။ သို့သော် မည်သည့်အကြောင်းကြောင်းမှန်းမသိ ၊ သူမလုံးဝကိုင်တွယ်ထိတွေ့လို့ မရသလို ရွေ့ပြောင်း၍လည်းမရပေ။
Sven ရဲ့အမြင်နဲ့အတွေးတွေကို ဘေးဒုက္ခနဲ့ စိုးရိမ်ပူပန်မှုတွေက အနိုင်ရသွားခဲ့တယ်။ စာအိတ်ထဲက လည်ဆွဲလေးဟာ သူ့ညီမလေး ဆန္ဒဖြစ်မယ်လို့ သူကယူဆလိုက်တော့တယ်။ အဲ့ဒီနောက်သူက အဲ့ဒီချက်လက်မှတ်ကငွေကြေးကို လက်ခံလိုက်တော့တယ်။
သို့ပေမဲ့သူက အဲ့ဒီငွေတွေကို စီမံထိန်းသိမ်းထားပြီး သူ့မိဘတွေကိုတော့ ဖုံးကွယ်လျှို့ဝှက်ထားလိုက်ရတယ်။ သူဒါကိုယူလိုက်တာသိရင် သူ့မိဘတွေဟာ စိတ်ဆိုးဒေါသထွက်နိုင်တယ်။ အသက်ကြီးနေပြီဖြစ်တဲ့ သူ့မိဘတွေကို သူစိတ်မပင်ပန်းစေချင်ဘူး။ ရှရီထွက်သွားခဲ့တာနဲ့တင် လုံလောက်နေပြီ။ သူ့အောက်က ညီငယ်ညီမငယ်တွေအတွက် သူလုပ်ပေးရဦးမယ်။ သူ့ရဲ့အခုလို ဆုံးဖြတ်သည့်နည်းလမ်း တစ်ခုကသာ သူ့မိဘတွေနဲ့အတူ ညီ၊ညီမငယ်တွေ အတူနေထိုင်ရှင်သန်ဖို့ လုံလောက်တဲ့ အကြောင်းတရားဖြစ်တယ်။
အဲ့ဒီနေ့မှာပဲ Sven က သူ့ညီ Ric နဲ့ ဆွေးနွေးတိုင်ပင်လိုက်တယ်။ သူတို့ဒီဆင်းရဲသားရပ်ကွက်ငယ်လေးကနေ ထွက်ပြီးနိုင်ငံရပ်ခြားဆီ ပြောင်းရွေ့နေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ထပ်ရက် အနည်းငယ်အကြာမှာတော့ သူတို့ဟာ သူတို့ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာ မသိနိုင်တဲ့အခြားနေရာဆီ ထွက်ခွာသွားဖို့ လုပ်ကြတော့တယ်။ Sven က လည်ဆွဲကိစ္စကို သူ့မိဘတွေကို ပြောပြလိုက်တယ်။ အဲ့ဒီလည်ဆွဲကြောင့် အခြားနေရာသို့ပြောင်းရွေ့နေထိုင်ဖို့ကို သူ့မိဘတွေက သဘောတူခဲ့ကြတယ်။
ရှရီမိဘတွေဟာ သူတို့သားအကြီးဆုံး Sven ကိုယုံကြည်လေတယ်၊ အဘယ့်ကြောင့်ဆိုသော် သူတို့သားဟာ ဘယ်လိုအခြေအနေမျိုး၊ ဖြစ်ရပ်မျိုးမှာမဆို သူတို့ကို မလိမ်ဘူးခဲ့လို့ဖြစ်တယ်။ သူတို့ဟာ သူတို့သားသမီးတွေကို ဘာကိစ္စပဲဖြစဖြစ် လုံးဝလိမ်ညာမပြောရန် ကောင်းကောင်းသင်ကြားပြသထားခဲ့တာ ဖြစ်သည်။ Sven ဟာ သူတို့သားသမီးတွေထဲက အကောင်းဆုံး နမူနာတစ်ခုပဲဖြစ်လေသည်။ လက်ရှိအခြေအနေ မည်သို့ရှိရှိ အဆုံးမှာ သူဟာလုံးဝမလိမ်ခဲ့ပဲ ပြောပြခဲ့သည် မဟုတ်ပါလား။
ČTEŠ
3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...