အခန်း (၂၆) အလန်နာ လန်းစ်

9.7K 1.2K 6
                                    

ဇာတ်ကြောင်းကိုစေ့ငုံပြီးသည့် ရှရီဟာ တိုက်ပွဲထဲပါဝင်ဖို့ အိမ်အပြင်ထွက်ရန် လုပ်တော့သည်။ သူမအိမ်ထဲမှ အပြင်ကိုစတင်ခြေလှမ်းရန် ပြင်လိုက်ချိန်မှာပဲ အိန်ဂျလို၏ လူတစ်ယောက်ပေါ်လာခဲ့၏။

" My lady ! ဒီမှာပဲနေပေးပါ "

ထိုလူက အရိုအသေပေးလျက် သူမကိုရိုကျိုးစွာပြောလာ၏။

ရှရီမျက်ခုံးတွေ တွန့်လျက် ...

" မင်းက ဘယ်သူလဲ..? "

"သခင် အိန်ဂျလိုက သခင်မကို ကာကွယ်ဖို့ အမိန့်ပေးထားပါတယ်၊ သခင်မ အိမ်ကနေမထွက်ခွာဖို့ သူမှာထားခဲ့ပါတယ်"

Sheri စိတ်ပျက်လက်ပျက်ဖြစ်စွာ ကြည့်လိုက်၏။ စကားလိုက်နာမည့်အစား သူမကလှစ်လျှုရှုလိုက်၏။ ရှရီတံခါးဆီ သတိထား မြန်မြန်ဆန်ဆန်လျှောက်လိုက်၏။ ထိုအစောင့်ကလည်း လိုက်တား၏။ သူမက တစ်ကြိမ်ထက်တစ်ကြိမ် အစောင့်ကိုလှည့်လိမ်၍ ထွက်သွား၏။ အစောင့်မှာ ရှရီကို အနာတရ ဖြစ်အောင်လည်း မတားရဲ၊ သို့နှင့် သူတို့အနေအထားက ထုတ်ဆီးတိုးနေသည့်နှယ်။

ထိုသို့ သွားလိုက်၊ တားလိုက်၊ တိုက်ခိုက်လိုက်၊ ရပ်နားလိုက်ဖြင့် ရှိနေခဲ့၏။ လိုက်လံတားနေသော အစာင့်ထက် ရှရီ၏ လုပ်ဆောင်ချက်တွေက အသာစီးဖြင့် ပိုမိုမြန်ဆန်နေသည်။ ရှရီ၏ အမြန်နှုန်းရုတ်တရက် မြှင့်လိုက်မှုတွင် အိန်ဂျလို၏ အစောင့်အရှောက် ဘော်ဒီဂတ်မှာ ခေတ္တပြတ်ကျန်နေခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် ရှရီဟာ အလန်နာမိဘများအိမ်တော်သို့ ရောက်သွားလေပြီ။

အလန်နာမိဘများအိမ်တော်သို့ သူမဝင်ရောက်လိုက်သောအခါ အလန်နာ၏ မိဘများဟာ တိုက်ပွဲတွင်အင်အား ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က တိုက်ခိုက်ရေး ဝတ်စုံတွေ ဝတ်ပြီးနေပြီ။ ရှရီလာသည်ကို တွေ့သည်နှင့် အလန်နာမိဘများဟာ လုပ်လက်စများ ရပ်တန့်လျက် ချက်ချင်း သူမဆီရောက်လာကြ၏။

" ဟန်နီ...! ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ.. ? အမေတို့ထင်တာ... "

အလန်နာ၏ မိခင်က စကားဆိုလိုက်၏။ စကားပင်မဆုံးသေးချိန် ရှရီအနောက်လိုက်လာသည့် အိန်ဂျလို၏ လူကဘေးတွင် ပေါ်လာသဖြင့် စကားလုံးတို့ တို့လို့တန်းလန်း ဖြစ်သွားတော့သည်။

3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)Where stories live. Discover now