ရှရီ နဲ့ ဂါနီဟာ သီးသန့်ခန်းဆီကို လျှောက်ခဲ့ကြသည်။ ရှရီလက်ထဲမှာ အချိုပွဲလင်ဗန်းတစ်ခုကိုလည်း ကိုင်ထားခဲ့သည်။ ရှရီက စားဖိုမှုးဝတ်စုံကိုသာ ဝတ်ဆင်ထားသည်မို့ လူတိုင်းက သူမကို ဆိုင်ပိုင်ရှင်ဟုထင်စရာ အကြောင်းမရှိ။ သူမပုံစံက စားဖိုမှုးတစ်ယောက်မှန်း ကြည့်တာနှင့်သိစေနိုင်သည်။ သူမတို့ တံခါးဖွင့်ပြီး အထဲဝင်ချိန်မှာ ရှရီကို တောင့်တင်းစေတာက ကတ်သရင်း၏ မျက်နှာဖြစ်သည်။ ကတ်သရင်းမျက်နှာက သူမ၏မူလကမ္ဘာက Janice နှင့် အလွန်တူလေသည်။
ရှရီဝင်လာတော့ သူတို့အံ့အားသင့်ကြက်သေသေနေကြသည်။ မည်သူထင်မည်နည်း ...သူတို့စားထားတာတွေက ရှရီလက်ရာဖြစ်လိမ့်မည်လို့.... ။
ရှရီဟာ မျက်လုံးတွေလည်ကာကြည့်လိုက်၏။
ညင်သာသိမ်မွေ့ပြီး တည်ငြိမ်နေသည့် ခြေလှမ်းတွေဖြင့် ရှရီဟာ အခန်းထဲကို လျှောက်လှမ်းလာခဲ့သည်။ ပြီးနောက် သူတို့အတွက် အချိုပွဲတွေ တစ်ယောက်ချင်းစီအရှေ့မှာ လိုက်လံချပေးလိုက်၏။ သူမ၏ အပြုအမူတွေက ညက်ညောငြင်သာ ကျော့ရှင်းနေခဲ့သည်။
စားပွဲဝိုင်းက ကတ်သရင်းတို့လူစုမှာ ပြောစရာစကားလုံးများ ပျောက်ဆုံးလျက်..။
အထူးသဖြင့် ကျေးဇူးတင်လိုပါသည်ဟု ဆိုခဲ့သော ကတ်သရင်းမှာ မည်သည့်စကားသံမှ ထွက်မလာပေ။ အခန်းတွင်း အနေအထား၏ တိတ်ဆိတ်မှုက ကိုယ့်အသက်ရှုသံပင် ပြန်ကြားနေရသလို။ အမှန်တော့ သူတို့အုပ်စု အသက်ပင်မရှုမိကြဟန်။
ရှရီဟာ ဂါနီနှင့်အတူ သူတို့အုပ်စုကို ပြုံးပြလိုက်ပြီး စကားဆိုလိုက်၏။
"ကျမရဲ့ လက်ရာကိုနှစ်သက်တယ် ကြားရလို့ ဝမ်းသာရပါတယ်။ အခုအချိုပွဲကလည်း ကျမပြင်ဆင်လာတာပါ၊ သန့်စင်တဲ့ချောကလက်နဲ့ ဟန်းမိတ်ရေခဲမှုန့်ပါ၊ ဒါက ကျမတို့ဆိုင်ရဲ့ နောက်ဆုံးထွက် မီနူးပါ။ ရှင်တို့ ဒါကိုနှစ်သက်ကြမယ်လို့ ကျမမျှော်လင့်ပါတယ်။ သုံးဆောင်ပြီးရင်တော့ အမြင်လေးတွေကို ကျမကို မျှဝေပေးပါဦး"
VOCÊ ESTÁ LENDO
3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...