"ဘာဖြစ်လို့လဲ..?"
ရှရီဟာ ဂါနီ့၏ မကျေမနပ်ရေရွတ်သံကြောင့် မေးလိုက်၏။
ဂါနီ့ထံ လာအလုပ်ရှုပ်ကာ မျက်စိနောက်စေသူမှာ လွန်ခဲ့သော ၂နှစ်က သူမပညာပြခဲ့သော ကတ်သရင်းအား ပိုးပန်းနေသူ ဖြစ်သည်။
"ခုနက ဘယ်သူမို့လဲ..?"
"ဂျက် လေ! မျက်နှာရူး လူရှုပ်ကောင်! ငါအာ့လူကို လက်သီးတွေနဲ့ကို ထိုးပစ်ချင်နေပြီ "
ဂါနီက ပြောရင်း အနီးရှိစာရွက်တွေ ကျိုးကျေအောင် လက်ဖြင့်စုတ်နယ်ပစ်နေ၏။
ရှရီက ဂါနီ၏ အပြုအမူကိုကြည့်ရင်း ရယ်ချင်နေ၏။
"သူတို့ကို့ မေ့ထားလိုက်ပါ ဂါနီ! ငါတို့မှာ ကြိုးစားလုပ်ရဦးမယ် အလုပ်တွေအမျိုးကြီး ရှိနေသေးတယ်"
ရှရီဟာ ပြုံးရင်း ဂါနီ့ကိုနှစ်သိမ့်လိုက်သည်။
ဂါနီမသိသည်က ဂျက်ဟာ ဂါနီ့ကို တိတ်တဆိတ်ကာကွယ်ပေးနေခဲ့တာပင်။
--------------*---------------*--------------
လွန်ခဲ့သော ၂ နာရီခန့်က...
"ငါ ..မင်းတို့ဆိုင်ရဲ့ မန်နေဂျာနဲ့ စကားပြောချင်တယ်"
Jack ဟာ စားပွဲထိုးအလုပ်သမားတွေကို မျက်နှာခပ်တင်းတင်းဖြင့် ဆိုလိုက်၏။ ထိုဝိတ်တာလေးက ဂါနီ့ကို လာခေါ်ခဲ့သည်။ ဂါနီ ထိုဝိတ်တာလေးနှင့်အတူ VIP ခန်းသို့ ရောက်လာခဲ့လေသည်။
ဂျက်၏ မူလရည်ရွယ်ချက်မှာ ဂါနီ့ကို သူတွေ့ချင်၊ မြင်ချင်တာပင်။ သို့သော် ထိုမိန်းကလေးက သူ့ကိုမြင်လျှင် တီကောင်ကို ဆားဖြင့်တို့ခံရသည့်အလား တုံ့ပြန်ကာ အတွေ့ပင်မခံချေ။
သူက ဂါနီ့ကိုလိုက်လိုသည်။ ဂါနီကလည်း ရိပ်မိဟန်ရှိကာ ရှောင်နေခဲ့၏။ လွန်ခဲ့သည့် ၂ နှစ်က သူမနှင့်တွေ့ပြီးနောက်ပိုင်းကစ၍ သူ့ဆန္ဒတွေက ဂါနီ့ကို အမြဲမြင်တွေ့လိုနေတာပင်။ ထို့ကြောင့် သူက ဆိုင်ကိုလာပြီး ဆိုးသွမ်းဟန်ပြုကာ သူမကိုသွားခေါ်လာရန် စားပွဲထိုးတွေကို ဖိအားပေးနေတာဖြစ်သည်။
ဂါနီဟာ ရိုးသားစွာပင် VIP ခန်းမှာ ဆူညံနေသဖြင့် ထိန်းရန်အလို့ငှာ ရောက်လာခြင်းဖြစ်သည်။ အခန်းတွင်းမှ လူကိုမြင်လိုက်ရသော် သူမချက်ချင်းပင် ပြန်ထွက်သွားလိုတော့၏။ ထိုလူရှုပ်လူပွေကို မြင်လိုက်တိုင်း သူမမှာ သွေးတွေ ပွက်ပွက်ဆူလာရသည်။ ထိုငရှုပ်ကောင်ဟာဖြင့် ရှုပ်ပွေကြောင်းနာမည်ကြီးယုံသာမက ကတ်သရင်းကို ပိုးပန်းနေတာကိုလည်း ဂါနီဟာ သိထားလေသည်။
VOCÊ ESTÁ LENDO
3. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.3] (အလန်နာ လန်းစ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...