Zawgyi
ဥက္ကာငယ်
နန်း နဲ့ စော ဆိုတာ သားအချစ်ဆုံးသူငယ်ချင်း2ယောက်ပဲ။ သားကဆင်းရဲတော့ ကျောင်းမှာတော်ရုံ အပေါင်းအသင်းနည်းတယ်ဗျ။ နောက်ပီး သားက ယောက်ျားလေးသာဆိုတယ် အရပ်က5ပေ6(ကျောင်းကလောရှည်ကောင်တွေနဲ့ယှဉ်ရင်ပုတာပေါ့ဗျာ) ၊ အသားကညိုညို၊ လူကောင်က လုံးလုံးကျစ်ကျစ်(ပြောရမယ်ဆို ဖင်ကောက်တာဗျ)၊ ရယ်လိုက်ရင်သွားတတ်လေးနဲ့ စကားဆိုတာကလည်း၎လုံးကွဲအောင် မပြောတတ်တော့ ကျောင်းမှာ အခြောက်လေးဆိုပီး အမြဲစခံရတယ်။
စိတ်လည်းမဆိုးအားပါဘူးဗျာ။ တကယ်လည်းသားက မိန်းကလေးတွေကိုမခံစားနိုင်ဘူး။ ဒါဆိုယောက်ျားလေးတွေကြိုက်တာလားဆိုလဲ မကြိုက်ဘူး။ သားဘဝမှာ အမေကို ပြေလည်စေချင်တဲ့စိတ်နဲ့ ထောက်ပံ့ပေးတဲ့ အမေကြီးတို့မိသားစုကိုကျေးဇူးဆပ်ချင်တဲ့စိတ်ကလွဲရင် ကျန်တာဘာစိတ်မှ မရှိဘူး။ ဒါမယ့် မြီးကောင်ပေါက်ပီပီ အချစ်ကဘာလည်းဆိုတာတော့ သိပ်သိချင်တာပဲ။
သားအချစ်က ကိုရီးယားမင်းသားလိုများချောမလား။ ဒါမှမဟုတ် နိုင်ငံခြားအဆိုတော်တွေလိုများ ခန့်ညားမလား၊ တရုတ်သိုင်းသမားတွေလိုများ စွဲဆောင်မှုရှိနေမလားပေါ့။ ဟယ်......ပြောရင်းပေါ်ကုန်ပါပီ။ ဟီး....ဟုတ်တယ် သားစိတ်ကူးထဲကအချစ်က သိပ်ကိုစွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ဗျ။
ဒီလိုနဲ့အပေါင်းအသင်းနည်းတဲ့သားက သြင်္ကန်သေအောင်လည်ချင်နေတော့ ဒုက္ခကရောက်ပီလေ။ နန်းကလည်း ကျောင်းပိတ်ရက် သူ့အမျိုးတွေရှိတဲ့ ရှမ်းပြည်ပြန်တယ်၊စောကလည်း ကရင်ပြည်ပြန်တယ်။ မန်းလေးသားလေး မောင်ဥက္ကာမှာ မျက်နှာငယ်လေးနဲ့ကျန်ခဲ့တယ်လေ။ ဒီလိုနဲ့သြင်္ကန်နားနီးတော့..........
"ဖြစ်ပါ့မလားစောရယ်"
"ဖြစ်ပါတယ်ဟ။ ငါအားလုံးပြောပေးထားပီးသား။ အဲ့အန်ကယ်ကလည်း စိတ်ရင်းကောင်းပါတယ်ဟ။ ပျော်ပျော်လည်းနေတတ်တယ်တဲ့။ ငါ့ဦးလေးတို့ရုံးက မန်နေဂျာဟ။ အစကငါ့ဦးလေးကသြင်္ကန်လိုက်လည်မလို့။
အမိုးတို့က ရွာမလာပဲလည်ရင် စိတ်ဆိုးမှာလို့ဆူလိုက်လို့ ငါဦးလေးခမျာ မလည်ရရှာတာ။ နင့်သူ့အစားလိုက်လည်လိုက်။အဲ့မန်နေဂျာက ဘောစိတဲ့၊ နေ့ခင်းထမင်းတွေဘာတွေလည်း အလကားကျွေးတာတဲ့ဟ။ နင်ကုန်းဆင်းလိမ့်ရုံပဲ။ ဦးကရင်ကြီးကလွှတ်လိုက်တာလို့သာပြောလိုက်။"
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...