Zawgyi
အဝေးသင်တွေ ကျောင်းတက်ရမယ့်အချိန်ရောက်လာပါပြီ။ ကျတော့်ပေါက်စလေးတစ်ယောက်လည်း စာတွေနဲ့နပန်းလုံးပြီး လူကော၊စိတ်ပါပင်ပန်းနေရှာပါတယ်။ အခုမှပထမနှစ်လည်းဖြစ် တက္ကသိုလ်အတွေ့အကြုံလည်းမရှိသေးတော့ စာမေးပွဲကျမှာကိုအရမ်းကြောက်နေရှာတယ်။
အကောင်းဆုံးကျူရှင်တွေတက်၊ အကောင်းဆုံး Assignment တွေပြင်ဆင်ပြီးတာတောင် စာကိုသေချာလေ့လာပြီး အလစ်အလပ်မရှိအောင် ပြင်ဆင်နေရှာတာပါ။ ကျတော်လည်း ကျောင်းကြို၊ကျောင်းပို့ပါမကျန် ကိုယ်တိုင်အတက်နိုင်ဆုံးဆောင်ရွက်ပေးတန်တာပေး၊ မင်းမင်းကိုလည်း အကူအညီတောင်းတန်တာတောင်းလို့ ပါရမီကိုအကောင်းဆုံးဖြည့်ပေးရတာပေါ့ဗျာ။
...........
"ဟေ့.......ဟေ့....ညီရေ။ ဥက္ကာလေး။" ကျတော်ကျောင်းကန်တင်းကိုမုန့်စားဖို့အထွက်မှာ နောက်ဆုံးနှစ်က အကိုကြီးစိုင်းအောင်းလင်းက လှန်းခေါ်ပါတယ်။ အရင်တစ်ခါဦးနဲ့ပြသနာဖြစ်ပြီးကတည်းက ကျတော်နဲ့သူ စကားမပြောဖြစ်တော့တာပါ။ လမ်းမှာတွေ့ရင်တောင်ကျတော့်ဘက်က မမြင်ချင်ယောင်ဆောင်ပြီး နေခဲ့တာက အခုလိုနာမည်တပ်ပြီး လှန်းခေါ်တော့ ကျတော်လည်း အံ့သြခဲ့ရတာပေါ့။
"ဘာများပြောစရာရှိလို့လည်းအကို။ အရေးမကြီးရင်နောက်မှ ပြောလို့ရမလားခင်ဗျာ။ ကျတော့်သူငယ်ချင်းတွေကန်တင်းမှာစောင့်နေကြလို့ပါဗျ။" ကျတော်လည်းစကားမပြောချင်တာနဲ့ အပြတ်ဖြတ်ဖို့ စကားဦးသန်းလိုက်တော့
"ပြောစရာကအရေးကြီးတယ်ညီ။ အကိုနဲ့ပဲ ကန်တင်းအတူထိုင်လိုက်ပါလား။ မင်းရည်းစားနဲ့ပက်သက်တဲ့အကြောင်းကိုပြောချင်တာမို့ တိတ်ဆိတ်တဲ့နေရာမှာထိုင်မှဖြစ်မယ်ညီ။" ဦးရဲ့နာမည်ပါ ပါလာတော့ ကျတော်လည်း စိတ်ပူသွားပြီး လိုက်ဖို့ပြင်ရပါတော့တယ်။
"သြော်.....အဲ့ဒါဆို သွားကြတာပေါ့ အကို။" ကျတော်လည်း ကိုစိုင်းအောင်လင်းခေါ်ရာနောက်ကိုလိုက်ခဲ့လိုက်ပါတယ်။ သူကလည်း ချောင်ကျကျမုန့်ဆိုင်လေးကိုခေါ်ပြီး ထိုင်တယ်။
"အရင်ဆုံးစားဖို့တစ်ခုခုမှာပါလားညီ။ ညီလည်းဆာနေရောပေါ့။ အရင်တစ်ခါကောင်းကောင်းမကျွေးလိုက်ရလို့ အကိုကစိတ်မကောင်းဖြစ်နေတာ။"
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...