Part 4 Zawgyi

3K 162 6
                                    

Zawgyi


အတက်နေ့.....

ဥက္ကာငယ်တယောက် မနက်4နာရီကတည်းက နိုးနေတယ်။ ဒီနေ့ပီးရင် ဦးနဲ့ထပ်မတွေ့ရတော့ဘူးဆိုတဲ့စိတ်က သူ့ရင်ကို မွန်းကြပ်နေစေတယ်။ အိပ်မရတာနဲ့ပဲ စောစောထပီး အမေ့ကိုကူပီး ဈေးတောင်းပြင်ပေး၊ မနက်စာတွက် ထမင်းကြမ်းခဲ ကူကြော်ပေး လိုက်တယ်။

"အစောကြီးနိုးနေတာလားသား ။ ဘာဖြစ်လို့လဲ။ လျှောက်လည်တာများပီး ညောင်းကိုက်နေပီလား။"

"မဟုတ်ပါဘူးအမေရယ်။ ဒီနေ့အတက်နေ့လေ။ အဲ့ဒါကားကစောထွက်မှာတဲ့ အမေရဲ့။ ညလည်းပုံမှန်ထက် နောက်ကျမယ်ပြောတယ်။ အဲ့ဒါ အမေကအဖေ့ကို နားဝင်အောင် ပြောပေးထားပါဦးနော်။"

"မင်းအဖေကမူးရင်လူစိတ်ရှိတာမဟုတ်ဘူး။ မင်းနောက်ကျရင် ငါဘလောက်ပြောထား ပြောထား အဆူခံရလိမ့်မယ်သားရဲ့။ နောက်မကျပါနဲ့လားသားရယ်။"

"ဟိုလေ.....အမေ....လူအများနဲ့သွားရတာဆိုတော့လေ...သူတို့ပြန်တဲ့အချိန်မှပြန်ရမှာပေါ့။ သားကဇွတ်ပြန်ချင်လို့ ဘယ်ကောင်းမလဲ။"

ကျတော်ဘဝမှာ အမေ့အပေါ် ပထမဆုံး အကြီးစားလိမ်ညာစကားပြောလိုက်တာပါပဲ။ အဲ့ဒါ ဦးဆိုတဲ့၊ ပြုံးလိုက်ရင်သေလောက်အောင်ဆွဲဆောင်မှုရှိတဲ့၊ လူကိုကြွေအောင်အမြဲ ကြည့်နေတတ်တဲ့၊ လူကြီးတယောက်ကြောင့်ပါပဲ။

(သားတောင်ပန်ပါတယ်အမေ။ အမေ့ကိုညာတာမဟုတ်ပါဘူး။ သားသူ့အနားလေးမှာ ရသလောက်အချိန်လေး နေချင်လို့ပါ။ ဒီနေ့ပီးရင်လေ သားဘဝမှာ နောက်ထပ်ဘယ်တော့မှ ဘယ်သူ့အပေါ်ကိုမှ ရင်မခုန်တော့ပါဘူးလို့အမေ့ကိုသားကတိပေးပါတယ်။ ဒီတခါတော့ သားခနချစ်ပါရစေနော်။ ခနလေးပါပဲ။ တကယ်ကိုခနလေးချစ်ခွင့်ရရင်ကို ကျေနပ်နေပါပီ)

စိတ်ထဲကနေ အမေ့ကိုတောင်းပန်လိုက်တယ်။

"ဒီလိုလုပ်မလားအမေ။ သားညပြန်မအိပ်တော့ဘူးလေ။ အဖေ့ကိုကျ မနက်ဖြန်နှစ်ဆန်းတစ်ရက် သားကူလုပ်ပေးဖို့ ပရဟိသအသင်း(ဥက္ကာငယ်ကို ပညာရေးထောက်ပံ့တဲ့လူ ရှာပေးထားတဲ့အသင်းကို ပြောတာပါ) မှာအိပ်တယ်လို့ပြောလိုက်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Donde viven las historias. Descúbrelo ahora