Part 23

2K 236 64
                                    

Zawgyi

ကျယ်ဝန်းတဲ့ခြံကြီးတစ်ခုထဲမှာ ပြုံးချိုတဲ့မျက်နှာဖုံးတပ်လူတွေ တစ်ယောက်နဲ့တစ်ယောက် တကယ်ခင်လား၊ မခင်လားမသိပေမယ့် ၀မ်းသာအဲလဲ နှုတ်ဆက်နေကြတယ်။

"၀ါးးးးးး ဦးရဲ့ခြံကြီးကအကျယ်ကြီးပဲနော်ကိုမင်းမင်း။" ခုမှပထမဆုံး ကိုဗညားအိမ်ကိုရောက်ဖူးတဲ့ဥက္ကာငယ်လေးကတော့ အားလုံးကို အထူးအဆန်းလိုကြည့်နေတော့တယ်။ ရှပ်အကျီအပြာနုပေါ်မှာ နက်ပြာရောင် ပွင့်ပြေးလေးတွေပါတဲ့အကျီနဲ့ ဂျင်းဘောင်းဘီနက်ပြာလေးကို တွဲဝတ်လာတဲ့ဥက္ကာငယ်ဟာ တက်ကြွနေတဲ့ကောင်ငယ်လေးတစ်ယောက်လို ချစ်စဖွယ်လည်းကောင်းနေပါတယ်။

"ဟယ်....ငါတို့ကလေးလေးလာပြီ။ လာလာကလေး မမသီရိနားထိုင်။" အပျိုကြီးမသီရိက ဥက္ကာငယ်ကိုတွေ့တာနဲ့ ဖတ်လဲတကင်းကြိုဆိုတော့တာပါပဲ။ ဟိုကလေးကလည်း ချစ်စဖွယ်ပြုံးပြလို့ 'ဟုတ်' ဆိုပြီး မသီရိဘေးဝင်ထိုင်လိုက်တယ်။

မကြာပါဘူး။ "ကိုမင်းမင်း။ ဦးရောဟင်။ ဘာလို့ထွက်မစောင့်နေတာလဲမသိဘူး။" သူ့ရဲ့ဦးကိုမမြင်တော့ မင်းမင်းအနားကပ်လို့ တိုးတိုးလေးမေးတော့တယ်။ နှုတ်ခမ်းကလည်း မသိမသာစူလို့နေတယ်။

မင်းမင်းစိတ်ထဲလည်း တစ်ခုခုကိုလေးပင်နေသလိုခံစားရတယ်။ ဖြစ်နိုင်ရင်ဒီကလေးကို ဒီအသိုင်းအ၀ိုင်းကြား မလာစေချင်ဘူး။ ဒီအသိုင်းအ၀ိုင်းကလူတွေ ဒီကလေးကို မမြင်ဖူးစေချင်ဘူး။ ဒါပေမယ့်အကြောင်းတိုက်ဆိုင်လာတော့ ကလေးကိုခေါ်လာဖို့ဖြစ်လာတယ်။ အခုလည်း ကိုဗညားက အပေါက်ဝကစောင့်ကြိုနေမယ်ဆိုပြီး ဖုန်းထဲကပြောခဲ့ပေမယ့် အခုကျ အရိပ်အယောင်တောင်မမြင်ရသေးတာမို့ မင်းမင်းစိတ်ထဲဘ၀င်မကျလှဘူး။ ထိုအချိန် လူတစ်ဦးထွက်လာပြီး ဆော်သြလိုက်သလိုပြောတယ်။

"အားလုံးပဲ မယ်မယ့်ကို မွေးနေ့ဆုတောင်းပေးရင်း ကန်တော့ကြရအောင်"

အနည်းငယ်ပဲရှိတဲ့ ပရိသတ်အားလုံးလည်း ကိုဗညားရဲ့အမေကိုကန်တော့ရင်း ဆုတောင်းစကားများခံယူကြတယ်။ ဆက်တီခုံကြီးတစ်ခုပေါ်ထိုင်ပြီး ပြုံးနေတဲ့မယ်မယ်က

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Donde viven las historias. Descúbrelo ahora