Zawgyi
ငယ်လေးနဲ့မဆက်သွယ်ခဲ့ရတဲ့ရက်တစ်ပတ်ဟာ ကျနော်ငယ်လေးကိုဘယ်လောက်အထိစွဲလမ်းနေပြီလဲဆိုတာကို သိသာစေခဲ့ပါတယ်။ သားနဲ့သမီးကိုပျော်ရွှင်စေခဲ့ရလို့ လွမ်းဆွတ်ခြင်းတွေဟာအနည်းငယ်ဖြေသာတယ်လို့ဆိုရမှာပါပဲ။ ဒီနေ့ဆိုကျတော်ခရီးကပြန်ရောက်လို့ ၀ယ်လာခဲ့တဲ့လက်ဆောင်တွေကို မနက်ဖြန်ငယ်လေးဆီသွားပေးရင်း ချစ်ရသူမျက်နှာကို မော်ဖူးရတော့မှာမို့ စိတ်ထဲရွှင်လန်းလို့နေပါတယ်။
"ကို တို့များနော်...လည်ပတ်နေတုန်းကဆို ကြက်ကြီးလည်လိမ်ထားတဲ့ရုပ်နဲ့ အခုများတက်ကြွလန်းဆန်းနေတာပဲ။ တစ်ခြားစီပဲ။"
မေလေးကပစ္စည်းတွေရှင်းလင်းနေရင်း ကျတော့်ကိုလှန်းပြောပါတယ်။
"မဟုတ်ပါဘူးမိန်းမရာ...ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက်တော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတဲ့သဘောပါကွ။ လည်ပတ်တုန်းကလည်းပျော်ပါတယ်။" ကျတော်လည်း ရိုက်လာတဲ့ဓာတ်ပုံတွေကို ကွန်ပြူတာထဲထည့်သိမ်းရင်း လှန်းပြောလိုက်တယ်။
"ဟုတ်ပါပြီရှင်။ ဒါနဲ့ ကို ကမနက်ဖြန်ဆို ချက်ချင်းကြီးရုံးတက်ရမှာလား။ ခရီးပန်းလာတာပဲကိုရယ်။ တစ်ရက်တစ်လေနားပါဦးလား။ ရိုက်လာတဲ့ပုံတွေလည်း ဆိုင်သွားပြီးကူးရဦးမှာမလား။ တစ်ရက်လောက်ခွင့်ဆက်တင်လိုက်ကွာ။ နော်..."
"လူကြီးတစ်ယောက်အနေနဲ့ ၁ပတ်၁၀ရက်ခွင့်ယူထားတယ်ဆိုတာကိုက အားနာစရာကောင်းလှပါပြီမိန်းမရယ်။ အလုပ်ကိုပစ်ထားတာလည်းကြာပြီဆိုတော့ မနက်ဖြန်တော့ သွားမှကောင်းတော့မှာကွ။ Weekendကျမှပဲအားပါးတရနားပါတော့မယ်ကွာ။" တကယ်လည်းပစ်ထားတာကြာပြီဆိုတော့ ကျနော်သွားမှရပါတော့မည်။
"အင်းပါ။ အဲ့လောက်မှအရေးကြီးနေလည်းသွား ပုံတွေကိုတော့ မေလေးပဲသွားထုတ်လိုက်တော့မယ်။ ကွန်ပြူတာထဲသာ Folderဖွဲပြီး သေချာထည့်ထားပေးခဲ့။ ဒါမှမနက်ဖြန်သွားရင် အလွယ်တကူယူသွားလို့ရမှာ။"
...............
"ဟာာာာာာ ဦးလာကြိုတယ်။" ကျတော့်လည်းမြင်ရော မျက်လုံးလေးဝိုင်း၊ ပါးစပ်လေးဟလို့ အံ့သြသွားပြီး အားပါးတရပြေးဖတ်ပါတော့တယ်။ ဘယ်လောက်လွမ်းနေတယ်ဆိုတာ တင်းကြပ်စွာပွေ့ဖတ်ထားမှုက သက်သေပါပဲ။
BẠN ĐANG ĐỌC
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Truyện Ngắnလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...