Zawgyi
"ကဲ ဆို မင်းမင်း ဘာတွေများထူးလို့ ဖုန်းဆက်ပြီးတောင်ခေါ်ရတာလဲ။" ညနေရုံးဆင်းရင် ဆိုင်ထိုင်ရအောင်အကိုဆိုပြီး မချိန်းစဖူးချိန်းလို့ ကျတော် မင်းမင်းချိန်းတဲ့ဆိုင်ကိုရောက်လာပါတယ်။
"အမမေလေးကျတော့်ဆီလာတယ်အကို။ အကိုအရင်လိုစင်တင်တွေမသွားတော့တာ ဘာကြောင့်များလဲသိလားဆိုပြီး လာမေးတယ်။ နောက်ပြီး သူ ညီဥက္ကာအကြောင်းလည်း မသိမသာမေးသွားတယ်။ ကလေးမကောင်းကြောင်းတွေပြောသွားတယ်။ ညီနဲ့အကို ကိုလည်း သူတစ်ခုခုစိုးရိမ်နေသလိုပဲ။ အမ သိများသွားပြီလားအကို။ ဟိုကောင်လေးများသွားပြောလိုက်သလားမသိဘူးအကို။ ကျတော့်ညီ့ကိုစိတ်ပူတယ်။" မင်းမင်းစကားကိုနားထောင်ပြီးတော့ ကျတော်လည်းတော်တော်စိတ်ပူသွားတယ်။ ငယ်လေးတို့ကျောင်းက ကောင်လေးကိစ္စကိုလည်း မင်းမင်းဆီရင်ဖွင့်ထားတာမို့ မင်းမင်းက အကုန်သိနေသူပီပီ စိတ်ပူနေရှာတယ်။
"မေလေးငါ့ကိုတော့ဘာမှမမေးဘူးကွ။ သူသာငါနဲ့ငယ်လေးအကြောင်းကိုသိရင် သေချာပေါက်သောင်းကျန်းမှာ။ ဒီတိုင်းငြိမ်မနေဘူးရယ်။ ဒါပေမယ့် ဘာမှမသိပဲနဲ့လည်း မင်းဆီရောက်လာစရာအကြောင်းမရှိဘူး။ သူတစ်ခုခုကိုတော့သိသွားတယ်နေမှာ။ အကုန်တော့မသိပေမယ့် အတိုင်းအတာအချို့ကိုတော့သိသွားလောက်ပြီ။ တောက်...ဟိုကောင်လေးကွာ...ငါဒီလောက်အတန်တန်တားနေတာကို မဆင်ခြင်တက်ဘူး။ ဒီတိုင်းဆို တစ်ခုခုတော့လုပ်ရတော့မယ်။ မင်းမင်း...ကြံပါဦးကွာ။ ငယ်လေးဆီ မေလေးလိုက်သွားမှာစိုးရိမ်တယ်။ အဲ့မိန်းမက မဆင်ခြင်တက်ဘူးကွ။ တော်ကြာ ကလေးငယ်ကိုအရှက်ခွဲရင်ဒုက္ခကွာ။" ကျတော်လည်း သေချာတွေးကြည့်လေ စိတ်ပူလေမို့ မင်းမင်းဆီက အကြံတောင်းယူကြည့်တယ်။
"ဒီရက်ပိုင်း ညီ့ဆီသွားတာ၊လာတာဆင်ခြင်ကြည့်ပါလားအကို။ အမစိတ်မပူအောင် အနားမှာဟန်မပျက်နေလိုက်။ ညီ့အကြောင်းမေးရင်လည်း ဘာမှအရေးမပါသလိုပြောလိုက်။ ယုတ်စွအဆုံးထိပ်တိုက်တွေ့နေရင်တောင် ညီ့ကိုဂရုမစိုက်၊အရေးမထားပဲနေလိုက်ဗျာ။ ညီ့ကိုကျ ကျတော်နားလည်အောင်ပြောထားပြီး ထိန်းထားပေးမယ်။ ကျတော်တို့သေချာကိုင်တွယ်မှရမယ်နော်။ ခြေတစ်လှန်းမှားတာနဲ့ အားလုံးအတွက်ဆိုးကျိုးတွေပဲဖြစ်ကုန်မှာ။" မင်းမင်းကလည်း သူတက်နိုင်သလောက်လေး စဉ်းစားပြီးအကြံပေးရှာတယ်။
ESTÁS LEYENDO
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Historia Cortaလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...