Part 16

2K 234 14
                                    

Zawgyi


အဝေးသင်ကျူရှင်တွေစဖွင့်ပါပြီ။ ပေါက်စငယ်တစ်ယောက်လည်း ကျောင်းတက်ဖို့ပြင်ဆင်နေပါပြီ။ လုပ်ငန်းခွင်ထဲဝင်နေတဲ့သူမို့ ပေါက်စဟာ တခြားရွယ်တူနေနဲ့ယှဉ်ရင်တောင် ပိုမိုရင့်ကျက်ပြီး စကားပြောလည်းညက်ကာ စတိုင်လေးကလည်း မိမိုက်နေရောဗျာ။

ဒီအချက်တွေကြောင့် ကျတော်မောင်ဗညားတစ်ယောက် ပေါက်စသွားရာတစ်တန်းတန်းနဲ့ လိုက်စရာဖြစ်လာပါတော့တယ်။ မိန်းထဲကနာမည်ကြီးကျူရှင်မှာ အပ်ထားပေးတာမို့ လာတက်တဲ့သူတွေကလည်း ရပ်ဝေးရပ်နီးများပြားလှပါတယ်။ ဒီလို များပြားလှတဲ့သူတွေကြားထဲမှာကို ကျတော့်ပေါက်စလေးဟာ ထင်ပေါ်လို့နေတယ်။

အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း ရှမ်းတရုတ်တွေများတဲ့ မန္တလေးမှာ ပုပုသေးသေးနဲ့ ညိုချောလေးပေါက်စဟာ တစ်မျိုးချစ်ဖို့ကောင်းနေပါတယ်။ ချစ်ဖို့ကောင်းတာတာလေးတစ်ခုတည်းနဲ့တောင် ကျတော်ရူးလောက်အောင်ချစ်နေခဲ့တာ၊ အခုတော့ကျတော့်ရဲ့အသင်အပြကောင်းမှုတွေကြောင့် စကားကိုပါညက်နေအောင်ပြောတက်နေတော့ ကျတော်စိတ်မချဖြစ်တာ မဆန်းဘူးထင်ပါတယ်။

ရွယ်တူမိန်ကလေးများရဲ့'ခင်ချင်လို့ပါဥက္ကာ။ သူငယ်ချင်းလုပ်ရအောင်နော်' ဆိုတာတစ်မျိုး၊ ရွယ်တူယောက်ျားလေးများရဲ့ 'မုန့်စားရအောင်ယောက်ဖ ငါတို့ဒါကာခံပါ့မယ်' ဆိုပြီး လက်ကိုင်ပုခုံးဖတ်သည်ကတစ်ဖုံ၊ အတန်းကြီးမမများ၊ကိုကိုများရဲ့ 'တို့မောင်လေးကအညိုစင်လေးတော်။ မမတို့ကိုလည်းခင်ရမယ်နော်။' 'စာနားမလည်တာ၊ ဆရာတွေနဲ့မိတ်ဆက်ချင်တာမျိုးရှိရင်ပြောနော်ညီ။ အကိုတို့ကူညီပေးမယ်။ မိတ်ဖြစ်ဆွေဖြစ်တစ်ဝိုင်းလောက်ထိုင်မလား။ အကိုတိုက်မှာပါညီရဲ့။' ဆိုတာမျိုးကတစ်မည်မို့ ကျတော်မှာအခုမှ ဒုက္ခလှလှတွေ့နေတော့တာပါပဲဗျာ။

အခုလည်းကြည့်လေ။ နေ့လည်စာစားချိန်လေး တွေ့ချင်လို့ခနသွားတာကို ဒင်းလေးကကျူရှင်မှာမရှိဘဲ လက်ဖက်ရည်ဆိုင်သွားထိုင်နေတယ်တဲ့ဗျာ။ ဒီတော့လည်း ကျတော်လိုက်ရပြီပေါ့။

................

"စားနော်ညီ။ ဘာမှအားမနာနဲ့။ ကိုက ခင်လို့ဆိုတာထက်ကို ညီ့ကိုစေတနာအပြည့်ပိုခင်လို့ ကျွေးတာ။" နောက်ဆုံးနှစ်ကအကိုကြီးက ကျတော့်ကိုမုန့်ကျွေးရင်းပြောတာပါ။ ကျတော်လည်း ဦးမကြိုက်မှန်းသိလို့ ၁ခါမက ၂ခါမကငြင်းပြီးသားပါ။ ဒါပေမယ့်လည်း ခနခနလာမိတ်ဖွဲ့နေတော့ အားနာတာနဲ့ ဒီတစ်ခါတော့လိုက်လျောမိလိုက်တယ်။

ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)Where stories live. Discover now