Zawgyi
မင်းမင်းဆီရောက်တော့
"ဟာ ကိုဗညား ဘယ်ကနေလှည့်ဝင်လာတာလည်းအကို။" မင်းမင်းကဖော်ရွေစွာနှုတ်ဆက်တယ်။
"မင်းဆီပဲတည့်တည့်လာတာကွာ။ လာ ငါတို့သောက်ရအောင်။ ငါအပြင်းရော၊အပျော့ရောဝယ်လာခဲ့တယ်။ နောက်ပြီး ငါဒီည မင်းဆီမှာအိပ်မယ်။ အဆင်ပြေလား။"
"ရတာပေါ့အကိုရာ။ ငါ့အကိုဘာတွေများစိတ်ညစ်စရာတွေ ရှိလဲ။ လာဗျာ ကျတော့်ကိုရင်ဖွင့်ပြီး အေးဆေးသောက်ကြတာပေါ့။"
မင်းမင်းက အလိုက်သိစွာပြောပြီး ကျတော့်ကို သူ့အဆောင်ထဲခေါ်သွားတယ်။ ကျတော်လည်း ငယ်လေးနဲ့ မေလေးတို့အကြောင်းတွေကို သောက်ရင်းစားရင်းပဲ ရင်ဖွင့်မိတယ်။
"ငါငယ်လေးအပေါ်ဘာတစ်ခုမှလုပ်ပေးနိုင်တာမရှိဘူးမင်းမင်းရာ။ ငါကတကယ်တော့ဟန်ပဲရှိတာကွ။ အရေးကြုံချိန်ဆို ဘာတစ်ခုမှသုံးစားလို့မရတဲ့ အလကားကောင်။ ငါအလကားကောင်ပါကွာ။"
ကျတော့်မျက်ရည်တွေဟာထိန်းမရအောင် ကျဆင်းလာပါတယ်။ ထိန်းထားရက်နဲ့ကို ဟန်မဆောင်နိုင်စွာ ငိုကြွေးမိတယ်။
"ကိုဗညားအဲ့လိုထင်ရင်မှားမှာပေါ့အကိုရယ်။ တကယ်တော့ အကို့မှာကိုယ်ပိုင်အရည်အချင်းတွေ အများကြီးရှိပါတယ်။ အကိုဟာသိပ်တော်တဲ့ Marketing Manager တစ်ယောက်ပါ။
အကို့ဆီမှာ ကျတော်တို့သိပ်အားကျပြီး လိုချင်ရတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းတွေရှိပါတယ်။ စီးပွားရေးဈေးကွက်ထိုးဖောက်တဲ့ပညာတွေ၊ ဈေးကွက်ရှာဖွေတဲ့ပညာတွေ၊ အရောင်းသမားဆိုပေမယ့် စာရင်းပိုင်းမှာလည်း သိပ်ကိုတိကျတာတွေ၊ ပေါင်းသင်းဆက်ဆံမှုပညာတွေ၊ အို...ပြောရရင်အကို့မှာ ကိုယ်ပိုင်အရည်အချင်းတွေအများကြီးရှိတယ်အကိုရာ။
အဲ့ဒါတွေကို ဥက္ကာကိုသင်ပေးခဲ့မယ်ဆိုရင် သူ့ဘဝတစ်လျှောက် ရပ်တည်ဖို့သိပ်ကိုလွယ်ကူသွားမှာပါအကိုရာ။"
ကျတော့်ကို မင်းမင်းကနှစ်သိမ့်တယ်။
"မဟုတ်ဘူးမင်းမင်း။ ငယ်လေးရဲ့အိပ်မက်က အင်ဂျင်နီယာဖြစ်ချင်တာကွ။ ငါ့ကလေးလေးရဲ့အိပ်မက်ကို ငါအကောင်အထည်ဖော်ပေးချင်တာကွာ။ အခုတော့ ငါ့ရဲ့အသုံးမကျမှုတွေကြောင့်။
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...